16 ပတ် - ဘာသာပြန်ပါ။

#ပြည်တွင်းသတင်း
◼မိန်းမလှကျွန်းအနီးနေထိုင်သူများ မိချောင်းအသိုက်ပြုလုပ်သည့်ကာလအတွင်းသတိပြုနေထိုင်ရန် အသိပေးကြေညာ

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်ရှိ မိန်းမလှကျွန်းဟုအမည်ပေးထားသည့် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအနီးနေထိုင်သူများ မိချောင်းများအသိုက်ပြုလုပ်သည့်ဇွန်လမှဩဂုတ်လအတွင်းသတိပြုနေထိုင်ကြရန် မိန်းမလှကျွန်းတောရိုင်း တိရစ္ဆာန်ဘေးမဲ့တောအုပ်ချုပ်ရေးမှူးရုံးကအသိပေးကြေညာထားသည်။

ယခုကာလသည်မိကျောင်းများအသိုက်ဖွဲ့ပြုလုပ်သည့်ကာလဖြစ်သည့်အတွက် ရေချိုရေငန်စပ် မိချောင်းများ ရှင်သန်ပေါက်ဖွားကျက်စားသည့်ဘေးမဲ့တောနှင့် ဆက်စပ်ရာ ဒီရေတောဒေသများသည် မိကျောင်းအန္တရာယ်ရှိသည့် ဒေသတစ်ခုဖြစ်ကြောင်း၊ အဆိုပါ ဒေသများအတွင်းနေထိုင်သူများအနေဖြင့် ချောင်းအတွင်းရေကစားခြင်း၊ ရေထဲသို့ခုန်ချခြင်း၊ ကမ်းစပ်၌ အဝတ်လျှော်ခြင်း၊ အချိန်ကြာမြင့်စွာရေချိုးခြင်းများမပြုကြရန်၊ ငါး၊ ပုဇွန်များ ရှာဖွေကြသည့်ရေလုပ်သားများအနေဖြင့်လည်း သတိကြီးစွာထားရှိရန်၊ ချောင်းစပ်ကမ်းစပ်များတွင် အိမ်မွေးတိရစ္ဆာန်များ လွှတ်ကျောင်းမွေးမြူခြင်းမပြုကြရန် အသိပေးထားသည်။

ပြီးခဲ့သည့်ဇူလိုင် ၂ ရက်နှင့် ၃ ရက်တွင် ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်၊ ချောင်းဗြဲကြီးကျေးရွာအုပ်စု၊ လှေလုံးကွဲကျေးရွာချောင်း၌ အသက်(၃၂) နှစ်နှင့် အသက်(၁၆) နှစ်အရွယ် အမျိုးသားနှစ်ဦးမိချောင်းဆွဲခံရပြီးသေဆုံးခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

ယခုကဲ့သို့မိချောင်းဆွဲခံရ၍ လူသေဆုံးထိခိုက်မှုများမကြာခဏရှိနေသော်လည်း မိချောင်းများအား ထိခိုက်အောင်ပြန်လည်ပြုလုပ်မည်ဆိုပါက ဥပဒေအရထောင်ဒဏ်ကျခံနိုင်ခြင်းကြောင့် ဒေသခံများအနေဖြင့် မည်သည့်ခုခံကာကွယ်မှုများကိုမှ လုပ်ဆောင်နိုင်ခြင်းမရှိကြောင်း ဒေသခံများကပြောသည်။

မိချောင်းများကမ်းစပ်များ၌ခိုလှုံမှုမရှိစေရန် ကမ်းစပ်များရှိ ခြုံ၊ နွယ်၊ ပိတ်၊ ပေါင်းများအား ရှင်းလင်းထားရှိရန်နှင့် မိချောင်းများရေပြင်တွင်သွားလာကူးသန်းသည်ကိုတွေ့ရှိပါက တုတ်၊ ခဲများဖြင့် ပစ်ပေါက်ခြောက်လှန့်ခြင်းများမပြုလုပ်ကြရန် သက်ဆိုင်ရာကအသိပေးနှိုးဆော်ထားသည်။

သတင်း - အင်ကြင်း
ဓာတ်ပုံ - MOI

image