ကွေ့တီယိုသုပ် လုပ်နည်းနှင့် ကွေ့တီယိုသုပ် ငါးပွဲစာအတွက်
ဆော့ရည်စပ်နည်းလေးပါ ရေးပေးထားပါတယ်ရှင့်......။

အရင်ဆုံးအသုပ်နဲ့စားဖို့ကြက်သွန်ဖြူဆီချက် ချက်ပါ။
ကိုယ္က ပိုပြီးမွှေးမွှေးလေးဖြစ်ချင်လို့ ဆီချက် ချက်တဲ့အချိန်ဝက်ခေါက်ကြွပ်ကြော်လေးတွေပါ ထည့်ချက်လိုက်ပါတယ်။
(မထည့်လည်းရပါတယ်)

အသုပ်အတွက် ဆော့ရည်လုပ်ရန်.........
- ရေ 250 ml (ပေါင်းအိုးဆန်ချိန်ခွက်နှစ်ခွက် မပြည့်တပြည့်)
- သကြား 70 g (ထမင်းစားဇွန်း ၇ ဇွန်းနီးပါး)
- ငရုပ်ဆီ 50 g (ထမင်းစားဇွန်း ၅ ဇွန်းလောက်)
- ရှာလကာရည် 400 g (ထမင်းစားဇွန်း ၄ ဇွန်းကျော်)
- ပဲငံပြာရည်အနောက် (ထမင်းစားဇွန်း ၄ ဇွန်း)
- ဆားလက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
အားလုံးကိုရောပြီး ငါးမိနစ်လောက်ကျိုလိုက်ပါ။

ပြီးရင် အရသာအချိုအချဉ် အပေါ့အငန်လေးကို ကိုယ့်စိတ်ကြိုက်ထပ်မြည်းပြီး ငရုပ်သီးအကျက်မှုန့် ထမင်းစားသုံးဇွန်းလောက်ထည့်ပြီးရင် အသုပ်အတွက် ဆော့ရည်လေးရပါပြီး။

ဆော့ရည်စားမကုန်ရင် ဗူးလေးထဲထည့်ပြီး ရေခဲသေတ္တာထဲ ထည့်သိမ်းထားရင် ကိုယ်စားချင်တဲ့အချိန်သုပ်စားလို့ရပါတယ်။
ကွေ့တီယို အဖတ်ကို တစ်ပွဲစာ ရေနွေးဖျောပါ။
ပြီးရင်ပြန်ဆယ်ပြီး စောစောကချက်ထားတဲ့ ကြက်သွန်ဖြူဆီချက်လေးနဲ့ နယ်ပေးလိုက်ပါ။
အသားလုံး သို့မဟုတ် ကိုယ်ကြိုက်တဲ့အသား ပြုတ်ထည့်ပါ။
အသီးအရွက် ပဲပင်ပေါက်၊ ပဲသီး၊ ကန်ဇွန်းရွက် ကိုယ်ကြိုက်တာရွေနွေးဖျောထည့်ပါ။
ပြီးရင် မြေပဲလှော်လေးထောင်းထည့်၊ ချက်ထားတဲ့ဆော့ရည် ကိုယ်ကြိုက်တဲ့ပမာဏထည့်ပြီး ရောသုပ်ပါ။
အပေါ်က ကြက်သွန်မြိတ်၊ နံနံပင်လေးဖြူးပြီးရင် စားကောင်းတဲ့ ကွေ့တီယိုသုပ်လေး စားလို့ရပါပြီးရှင့်.......။

Credit

image