16 ပတ် - ဘာသာပြန်ပါ။

Star City မီးပွိုင့်အနီးတွင် ကား(၂)စီးတိုက် (၁)ဥိးဒဏ်ရာရ

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ သန်လျင်တံတားနှင့် Star City မီးပွိုင့်အနီးတွင် ဇူလိုင် ၇ ရက်ည ၈ နာရီ ၅၀ မိနစ်ခန့်က ကားနှစ်စီးတိုက်မိခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

သန်လျင်မြို့နယ်၊ သံလျင်တံတားနှင့် Star City မီးပွိုင့်အနီးတွင် ကားနှစ်စီးတိုက်မိကာ အမျိုးသားတစ်ဦး ကားခေါင်းခန်းအတွင်း၌ညပ်နေသဖြင့် သံလျင်မြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက ကူညီကယ်ဆယ်မှုများပြု လုပ်ခဲ့ကြကြောင်း သိရသည်။

ထို့ကြောင့် ကားခေါင်းခန်းအတွင်းညပ်နေသည့် အ မျိုးသားအား ည ၉ နာရီကျော်ခန့်တွင် ကယ်ထုတ်နိုင်ခဲ့ပြီး ထိခိုက်ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိထားသဖြင့် လောကအလင်းလူမှုကူညီရေးအသင်းမှ သန်လျင်ပြည်သူဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

image