7 ပတ် - ဘာသာပြန်ပါ။

မင်းဟာ
ဖွာရှိုက်ရင်း ကုန်သွားမှာ စိုးရိမ်မိတဲ့
နောက်ဆုံးလက်ကျန် ဝိတစ်တိုင် လိုပဲ

မင်း မရှိရင် ငါ နေနိုင်ပါ့မလား လို့ တွေးတဲ့အခါ
ရွက်ဟောင်းတွေလည်း ကြွေတယ်
ရွက်သစ်က ဘယ်တော့မှ မဝေဘူး

ငါဟာ အဆုတ်အားနည်းပါတယ်
မင်းကို ခပ်ကြာကြာ နမ်းရှိုက်ဖို့တောင် မောတယ်

တစ်ရက် ....
တခါတလေ တစ်သက် ...
ဘယ်လောက် ကြာသွားလဲ မသိချင်တော့ဘူး

ငါ မင်းကိုနှမြောပါတယ် ...။