7 w - Translate

📌 ခွေးလေးတွေမှာ သန်၀မ်းသွားတဲ့အခါ

သန်တွေက ခွေးလေးတွေဆီ ဘယ်လို၀င်ရာက်သွားနိုင်သလဲဆိုရင်

• မြေကြီးပေါ်တွင် အစားအစာများချကျွေးခြင်းမှတစ်ဆင့်၀င်ရောက်ခံရခြင်း

• မြေကြီး၊ ရေ၊ အစားအစာမှတစ်ဆင့် (သန်ဥများကို မသိဘဲ မျိုချမိခြင်း)

• လိင်အင်္ဂါ၊ အရေပြားမှတစ်ဆင့်၀င်ရောက်ခံရခြင်း

• သန်းများ၊ မှက်များ နဲ့ ယင်ကောင်များမှတစ်ဆင့် ၀င်ရောက်ခြင်း တို့ဖြစ်ကြပါတယ်။

ခွေးလေးတွေ သန်၀မ်းသွားတဲ့အခါ ဘယ်လိုလုပ်ပးသင့်လဲ❓

• သန်ချဆေးတိုက်ပါ။

• ဆရာ၀န်ညွှန်ကြားချက်နှင့်တိုက်ပါ။ ခွေးလေးတွေရဲ့ အရွယ်နဲ့ အလေးချိန်ပေါ် မူတည်ပါတယ်။

• သန်၀မ်းသွားနေတဲ့ ခွေးလေးတွေအတွက် နေရာထိုင်ခင်းများကို အတတ်နိုင်ဆုံး သန့်ရှင်းပေးပါ။

• သန့်ရှင်းသော ရေနဲ့အစားအစာများကိုသာကျွေးပေးပါ။

• လူသုံးသန်ကျဆေးများ မတိုက်ပါနဲ့။ အန္တရာယ်ဖြစ်နိုင်ပါတယ်။

ဒီအချက်များကို လိုက်နာပြီး ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌သင့်ခွေးလေးတွေကို သန်၀မ်းသွားခြင်းကနေ ကာကွယ်ပါ။