7 w - Translate

🐕 ခွေးအမလေးတွေမှာဖြစ်တတ်တဲ့ "သားအိမ်ပြည်တည်နာ" (Pyometra) အကြောင်း သိထားသင့်သောအချက်များ

🔍 ဒီရောဂါက ဘာလဲ

ခွေးအမလေးတွေရဲ့ သားအိမ်ထဲမှာ ပြည်တွေတည်ပြီး ပိုးဝင်တဲ့ပြင်းထန်ရောဂါဖြစ်ပါတယ်။

အသက်အန္တရာယ်ရှိနိုင်လို့ အရေးပေါ်ကုသဖို့လိုပါတယ်။

📌 ဘယ်လိုအချိန်မှာ စိုးရိမ်ရမလဲ

- ရေအရမ်းသောက်/ဆီးအရမ်းသွားခြင်း
- ဗိုက်ကပူဖောင်းလာခြင်း
- အန်ခြင်း/အစားပျက်ခြင်း
- မိန်းမကိုယ်ကနေအရည်ဆင်းခြင်း (တချို့ကမဆင်းဘူး)

📌 ကုသနည်း ၂ မျိုး

1️⃣ ခွဲစိတ်ကုသမှု (အကောင်းဆုံးနည်း)

သားအိမ်နဲ့သားဥအိမ်ကို ခွဲစိတ်ထုတ်ပြီးတဲ့အခါ နောက်တစ်ခါမဖြစ်တော့ဘူး။၂၄-၄၈ နာရီအတွင်း သက်သာသွားတတ်တယ်။

2️⃣ ဆေးနဲ့ကုသနည်း (အကန့်အသတ်နဲ့)

မွေးဖွားရန်လိုအပ်တဲ့ခွေးအမ‌လေးတွေမှာဆို ဟော်မုန်းဆေးနဲ့ပိုးသတ်ဆေးပေးလို့ရပါတယ်။ ဒါပေမယ့် အကန့်အသတ်ရှိပါတယ်။

၄၀% ပဲစိတ်ချရပြီး နောက်တစ်ခါပြန်ဖြစ်နိုင်တယ်။

📌 ဒီရောဂါက ပြင်းထန်တာကြောင့် အချိန်မီမကုရင် ၂၄-၄၈ နာရီအတွင်း အသက်ဆုံးရှုံးနိုင်ပါတယ်။

လက္ခဏာတွေ့တာနဲ့ မပေါ့ဆပဲ တိရစ္ဆာန်ဆေးကုဆရာဝန်နဲ့ သေချာတိုင်ပင်ကုသပါ ။ ။

💬 အခြားတိချစ်သူလေးတွေလဲ သိရအောင် share သွားနိုင်ပါတယ်။

📌သင့်အိမ်မွေးတိရစ္ဆာန်လေးတွေရဲ့ ကျန်းမာရေးနဲ့ ပတ်သတ်ပြီး online ဆေးခန်းပြကာ အသေးစိတ်ဆွေးနွေး လိုပါက page messenger တွင်လာရောက်ပြသဆွေးနွေးနိုင်ပါပြီ။