📌 မိုးရာသီဆိုတာနဲ့အေးလို့ အာဝုလေးတွေ ရေသောက်ချင်စိတ်နည်းနိုင်ပေမဲ့ ရေဓာတ်ကတော့ လိုအပ်ပါတယ်။
ခွေးလေးတွေတိုင်းရဲ့ ရေလိုအပ်မှုက အရွယ်အစား၊ ကိုယ်အလေးချိန်၊ အသက်၊ လှုပ်ရှားမှုများမှု၊ နှလုံးခုန်နှုန်း၊ သက်တမ်း၊ အစာစားပုံတွေကြောင့် မတူကြပါဘူး။
➡️ ပုံမှန်အားဖြင့်
အာဝုတစ်ကောင်ဟာ တစ်နေ့မှာ ကိုယ်အလေးချိန် ၁ ကီလိုဂရမ်ကို ရေ ၅၀ - ၆၀ မီလီလီတာ (ml) ခန့်သောက်သင့်ပါတယ်။
ဥပမာ -
၅ ကီလိုဂရမ်ရှိရင် →250 - 300 ml
၁၀ ကီလိုဂရမ်ရှိရင် → 500 - 600 ml
၂၀ ကီလိုဂရမ်ရှိရင် → ၁လီတာ 1000 ml
ဒါဆိုရင် သင့်အာဝုလေးတွေကို ရေပုံမှန်သင့်သင့်တင့်တင့် တိုက်ပေးဖို့မမေ့ပါနဲ့ဗျ ✨