7 ပတ် - ဘာသာပြန်ပါ။

📌 သင်က အမွှေးပွခွေးလေးတွေရဲ့ပိုင်ရှင်ဆိုရင် ဒီစာက သင်ဖတ်ဖို့အတွက်ပါ။

အမွှေးပွ‌ခွေးလေးတွေကို အမွှေးရှည်ရှည်ထားတဲ့အခါ ချစ်စရာကောင်းပေမယ့် သူတို့လေးတွေအတွက် အောက်ပါအဆင်မပြေမှုတွေဖြစ်နိုင်ပါတယ်။

➡️ အမွေးရှည်တွေကြောင့် အရေပြားမှာ ဖုန်များနဲ့ အခြားအညစ်အကြေးများ ကပ်ပြီး ယားယံခြင်း၊ ဓာတ်မတည့်ခြင်းတို့ ဖြစ်တတ်ပါတယ်။

➡️ အမွှေး‌တွေက ရှိသင့်တာထက် ပိုရှည်နေတဲ့အခါ စိုစွတ်မှုများကို ခြောက်သွေ့စေရန်မလွယ်ကူတဲ့အတွက် စိုထိုင်းနေပြီး ဘက်တီးရီးယားနဲ့ မှိုပိုးတွေ ပေါက်ဖွားကာ အရေပြားရောင်ရမ်းခြင်း၊ အနာများခြင်းတို့ ဖြစ်နိုင်ပါတယ်။

➡️ အမွေးရှည်ရှည်တွေမှာ သန်းနဲ့ အခြားကပ်ပါးကောင်များ ခိုအောင်းပြီး တိလေးတွေကိုနေရခက်ခဲစေပါတယ်။

➡️ အမွှေးထူတဲ့အတွက် ခွေးလေးတွေ အပူလျှပ်ပြီး နေမကောင်းတာ၊ ရေဓာတ်ခန်းခြောက်တာတွေ ဖြစ်နိုင်ပါတယ်။

➡️ ပုံမှန်သန့်ရှင်းရေးမလုပ်နိုင်ရင် အနံ့ဆိုးတွေ ထွက်လာနိုင်ပါတယ်။

ဒါကြောင့် ကိုယ်က အမွှေးပွခွေလေးတွေမွေးထားတယ်ဆိုရင်တော့

✅ ခွေးလေးတွေရဲ့အရေပြားနဲ့ သင့်တော်တဲ့ သီးသန့် ရေချိုးဆပ်ပြာသုံးကာ ပုံမှန်ရေချိုးပေးပါ။ ရေအားလုံးခြောက်သွေ့သွားတဲ့အထိ သုတ်ပေးပါ။

✅ တစ်နေ့တစ်ကြိမ်လောက် အမွှေးပွလေးတွေကို ဖြီးပေးခြင်းဖြင့် အညစ်အကြေးများ ပြောင်စင်စေပါတယ်။

✅ အမွှေးတွေကို အရှည်ထားတာမျိုးမလုပ်ဘဲ လိုအပ်သလို ပုံမှန်ညှပ်ပေးပါ။ နွေရာသီမှာဆိုရင် အမွှေးကို ခပ်တိုတိုညှပ်ပေးထားသင့်ပါတယ်။

ကဲ.....၊ အမွှေးပွခွေးပိုင်ရှင်လေးတွေအနေနဲ့ ပိုပြီးဂရုစိုက်ဖို့လိုပါတယ်နော်။

သူတို့လေးတွေရဲ့ ကျန်းမာရေးနဲ့ သန့်ရှင်းရေးကို ပုံမှန်ဂရုစိုက်ပေးပြီး သင်တဲ့အတူ ပျော်ရွှင်စွာနေထိုင်ခွင့်ပြုလိုက်ပါ 🐶💖




#credit