7 w - Translate

မိန်းမ ဆိုတာ ကိုယ့်ဘဝကိုယ်ရပ်တည်နိုင်ရင် ဘုရင် မ ပဲ။

မိန်းမတစ်ယောက်ဟာယောက်ျားတစ်ယောက် ရဲ့မျက်နှာရိပ် မျက်နှာကဲကိုကြည့်နေရတဲ့ရိုးအအမိန်းမတစ်ယောက်ရဲ့ဘဝမျိုးကိုအဖြစ်မခံပါနဲ့။

ယောက်ျားတစ်ယောက်ကိုမြီခို ကပ်ရပ်နေရမယ့်နုံချာချာမိန်းမတစ်ယောက်ရဲ့အဖြစ်မျိုးကို အရောက်မခံပါနဲ့။

ယောက်ျားတစ် ယောက်ပေးကမ်းထောက်ပံ့မှမျက်နှာငယ်ငယ်နဲ့ သုံးစွဲရမယ့်အူတူတူမိန်းမတစ်ယောက် ရဲ့အနေအထားမျိုးကို

မ ရောက်ပါစေနဲ့။ပြည့်စုံချမ်းသာပြီး ငွေရှာနိုင်တဲ့ယောက်ျားတစ်ယောက်ကိုအတွက် အချက်ကောင်းကောင်းနဲ့

ရွေးချယ်လိုက်တဲ့ မိန်းမတစ်ယောက်ရဲ့ဘဝတစ်လျောက်လုံးစိတ်ချမ်းသာ ပျော်ရွှင်မှုရမယ်လို့ ထင်နေပါသလား?

ယောက်ျားတစ်ယောက်ကိုအရိပ်အကဲကြည့်ပြီး အောက်ကျို့နေရမယ့်မိန်းမတစ်ယောက်အဖြစ်ရပ်တည်နေမယ့်အစား

ကိုယ့်ရဲ့အရည်အချင်းနဲ့ ကိုယ့်ဘဝကိုယ်ရပ်တည် နေနိုင်တဲ့ မိန်းမတစ်ယောက်ရဲ့ဘဝက ပိုလို့ဂုဏ်တင့်သလိုယောက်ျားတိုင်းကလည်းအထင်ကြီး လေးစားကြပါတယ် ။

မိန်းမဆိုတာကိုယ့်မာနနဲ့ကိုယ်ရပ်တည် ရှင်သန် နေနိုင်ရပါမယ် ။တစ်နေ့ဘယ်သူ ဘယ်ဝါရဲ့ဇနီးပါလို့ထုတ်ဖော် ပြောရမှာထက်

က်မဘယ်သူပါလို့ ရင်ကော့ခေါင်းမော့ပြီးထုတ်ဖော် ပြောနိုင်တာက…ကိုယ့်အတွတ် ပိုလို့ဂုဏ်ယူစရာကောင်းပါတယ် ။ကိုယ်ပိုင် အရည်ချင်းရှိသော မိန်းကလေးများ ဖြစ်နိုင်ကြပါစေ။???