ဟင်းနုနွယ်မြစ် (ထိုင်းနိုင်ငံရဲ့ ဂျင်ဆင်း)
"ဟင်းနုနွယ်မြစ်" ကို "ယိုးဒယားဂျင်ဆင်း" လို့ တင်စားခေါ်ဝေါ်ကြသည်။

ဟင်းနုနွယ်မြစ်ရဲ့ အကျိုးကျေးဇူးများ.......
၁။ အပူအပုပ်ပြေစေတယ်။ အပူကိုကျစေပြီး အဖျားကိုနိုင်တယ်။ ဖျားနေတဲ့သူတွေ ရှာဖွေပြီးလုပ်စားသင့်ပါတယ်။
၂။ သွေးလှည့်ပတ်မှုကို ကောင်းစေတယ်။ ခွန်အားဖြည့်ပေးတယ်။ မျက်နှာသွေးရောင် ကောင်းစေပြီး တင်းတိပ်နဲ့ အမည်းစက်တွေ မှေးမှိန်စေကာ အရေပြားဆဲလ်တွေ ကောင်းမွန်စွာ အလုပ်လုပ်စေပါတယ်။
၃။ လန်းဆန်းတက်ကြွစေပြီး မောပန်းလွယ်တာ၊ အားအင်ကုန်ခမ်းတာတွေကို သက်သာစေတယ်။
၄။ သွေးလည်ပတ်မှုကို လှုံ့ဆော်ပေးပြီး သွေးကြောတွေကို သန့်ရှင်းစေတယ်။
၅။ ချောင်းဆိုးတာ၊ သလိပ်ရည်နဲ့ ဆီးသွားရခက်တာတွေကို သက်သာစေတယ်။ ဆီးကို ပုံမှန်သွားစေတယ်။ (ဆီးရွှင်စေတယ်)

ပြုလုပ်နည်း + သောက်သုံးနည်း.........
၁။ ရင့်ပြီး လတ်ဆတ်တဲ့ ဟင်းနုနွယ်မြစ် ၃-၅ မြစ်ကို
သန့်စင်အောင် ဆေးပါ။
၂။ ရေ ၁.၅ လီတာလောက်ကို ဆူအောင်တည်ပြီး ဟင်းနုနွယ်
မြစ်ထည့်ကာ မီးအေးအေးနဲ့ ၁၀-၁၅ မိနစ်လောက် တည်ပါ။
၃။ ရေကိုစစ်ယူပြီး ပုလင်းထဲထည့်ကာ ရေခဲသေတ္တာထဲထည့်
သိမ်းထားပါ။ မနက်နဲ့ ညအိပ်ရာမဝင်ခင် (ဗိုက်ထဲ အစာမရှိ
တဲ့အချိန်) တစ်နေ့ကို ကော်ဖီခွက် ၂-၃ ခွက် သောက်ပါ။

ပုံမှန်သောက်သုံးပါက ရရှိလာမယ့်ရလဒ်ကတော့ ခွန်အားကောင်းစေပြီး လန်းဆန်းစေကာ နုပျိုစေတဲ့ဆေးနဲ့ တူပါတယ်။

အဖိုးရဲ့ နည်း (အဖေတွေ ရှာနေကြတဲ့ နည်း) 😁
👉 ဟင်းနုနွယ်မြစ်ကို ၄၀ ဒီဂရီ အရ'က်တစ်ပုလင်းကြီးနဲ့ စိမ်ပါ။
👉 ဖန်ပုလင်းထဲမှာ ၂-၃ ပတ်လောက် စိမ်ပြီးရင် ညအိပ်ရာမဝင်ခင် တစ်ပက်စီ သောက်ပါ။ ကိုရီးယားဂျင်ဆင်းထက်တောင် ကောင်းတယ်လို့ နာမည်ကြီးပါတယ်။

image