7 w - Translate

#ယနေ့ထုတ်သတင်းစာ_သတင်း
◼ ​ဗန်ကောက်တွင် ရေလှောင်ကန် တည်ဆောက်နေစဉ် စတီးပြားများပြိုကျ မြန်မာလုပ်သား ခုနစ်ဦး ဒဏ်ရာရခဲ့
ထိုင်းနိုင်ငံ ဗန်ကောက်မြို့တွင် ဇူလိုင် ၆ ရက် ညပိုင်းက ရေလှောင်ကန် တည်ဆောက်နေစဉ် စတီးပြားများ ပြိုကျပြီး မြန်မာလုပ်သား ခုနစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြချက်အရသိရသည်။
ထိုင်းနိုင်ငံ ဗန်ကောက်မြို့ မင်ဘူရီရှိမက်ထရိုပိုလီတန် ရေသန့် စက်ရုံတွင် ရေလှောင်ကန် တည်ဆောက်နေစဉ် စတီးပြားများ ပြိုကျခဲ့ရာ လုပ်ငန်းခွင်အတွင်းရှိအလုပ်သမား ၁၆ဝ အနက် ၁၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၎င်းတို့အနက် အမျိုးသားကိုးဦးနှင့် အမျိုးသမီးသုံးဦးတို့ဖြစ်ပြီး ထိုင်းနိုင်ငံသား နှစ်ဦး၊ မြန်မာနိုင်ငံသားခုနစ်ဦးနှင့် ကမ္ဘောဒီးယားနိုင်ငံသား သုံးဦးတို့ပါဝင်ကာ ၎င်းတို့သည် လက်နှင့် ခြေထောက်တို့တွင် ဒဏ်ရာများရရှိခဲ့ပြီး ကယ်ဆယ်ရေးအဖွဲ့များက ထိခိုက်ဒဏ်ရာရရှိသူများကို ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇွန် ၈ ရက်တွင်လည်း ဗန်ကောက်မြို့ ချွမ်ထောင်းဒေသ ရာမ ၂ လမ်းရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ မြေအောက် သုံးမီတာအနက်တွင် မိလ္လာပိုက်လိုင်းတပ်ဆင်နေစဉ် ကွန်ကရစ်နှင့် မြေသားများပြိုကျမှုကြောင့် မြန်မာလုပ်သားတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ - Khaosod

image