☕️ ဒီနှစ်မျိုးကို ရေနွေးကြမ်းလုပ်သောက်တာက ခန္ဓာကိုယ်အတွက် ကောင်းပါတယ်။
💚 Balsam Pear (ကြက်ဟင်းခါးသီး)
* ခါးပေမယ့် ကောင်းကျိုးများစွာရှိသည်။
ကြက်ဟင်းခါးသီးက သွေးတွင်းသကြားဓာတ်ကို လျှော့ချပေးပါတယ်။ ဘီတာကယ်ရိုတင်း (beta-carotene) ဓာတ်ပါဝင်လို့ မျက်စိအမြင်အာရုံကို ကောင်းမွန်စေပါတယ်။ အစာချေဖျက်မှုကို လှုံ့ဆော်ပေးပြီး အစာစားချင်စိတ်ကို ဖြစ်ပေါ်စေပါတယ်။ ဗီတာမင်စီ (Vitamin C) မြင့်မားစွာပါဝင်တာကြောင့် ခုခံအားစနစ်ကိုလည်း မြှင့်တင်ပေးပါတယ်။
🍃 Mulberry Leaves (ပိုးစာရွက်)
* ဒေသခံ ရိုးရာတိုင်းရင်းဆေးအရွက်။ ကိုလက်စထရောနဲ့
သွေးတိုးကို လျှော့ချပေးပြီး လည်ချောင်းနာတာကို
သက်သာစေတယ်။
ပိုးစာရွက်က ကိုလက်စထရောကို လျှော့ချပေးပါတယ်။ သွေးပေါင်ကျစေပြီး ချောင်းဆိုးတာ၊ လည်ချောင်းနာတာတွေကို သက်သာစေပါတယ်။
✨ ဒီနှစ်မျိုးပေါင်းစပ်လိုက်တဲ့အခါ......
ပုံမှန် ရေနွေးကြမ်းအဖြစ် ပြုတ်သောက်ပေးမယ်ဆိုရင် အောက်ပါအကျိုးကျေးဇူးတွေကို ရရှိစေပါတယ်။
✔ သွေးတွင်းသကြားဓာတ်ပမာဏကို ထိန်းညှိပေးတယ်။
✔ ကိုလက်စထရောကို လျှော့ချပေးတယ်။
✔ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးတယ်။
✔ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပါတယ်။
📌 ပြုလုပ်နည်း........
* ကြက်ဟင်းခါးသီးကို အကွင်းလိုက် ပါးပါးလှီးထားတာ
၅-၆ ချပ်
* ပိုးစာရွက် (အခြောက် သို့မဟုတ် အစို) လက်တစ်ဆုပ်စာ
* ရေ ၁ လီတာခန့်ကို ဆူအောင်တည်ပြီး ပါဝင်ပစ္စည်း
အားလုံးကို ထည့်ပါ။
* ၁၀-၁၅ မိနစ်ခန့် ထပ်တည်ပေးပြီး နွေးနွေးလေး သောက်
သုံးနိုင်ပါတယ်။ ရေခဲထည့်ပြီး အေးအောင်လုပ်ပြီးလည်း
သောက်သုံးနိုင်ပါတယ်။
* ခါးတာကို မခံနိုင်ဘူးဆိုရင် ပျားရည်အနည်းငယ် ထပ်
ထည့်နိုင်ပါတယ်။
❗ သတိပြုရန်.........
* သွေးပေါင်အရမ်းကျတတ်သူတွေနဲ့ ကြက်ဟင်းခါးသီးနဲ့
ဓာတ်မတည့်သူများ သတိထားသင့်ပါတယ်။
* ကိုယ်ဝန်ဆောင်အမျိုးသမီးများ မသောက်သုံးမီ ဆရာဝန်နဲ့
အရင်တိုင်ပင်ပြီးမှ သောက်သုံးသင့်ပါတယ်။
Credit..
