7 w - Translate

***#ခေါင်းချလိုက်တာနဲ့ အိပ်ပျော်သွားစေမယ့် <
***#နည်းလမ်း (၃) ချက် <

လူတစ်ယောက် ကျန်းမာဖို့၊ အသက်ရှည်ရှည်နေထိုင်နိုင်ဖို့၊ စိတ်ပျော်ရွှင်စေဖို့ တစ်နေ့တာ ပြည့်ဝစွာအိပ်စက်အနားယူဖို့ အရေးကြီးပါတယ်။

ဒါပေမယ့်လည်း လူဆိုတာ စိတ်ဖိစီးမှုတွေ၊ အတွေးတွေ၊ အလုပ်တွေကို အိပ်ရာထဲထိ ယူလာတတ်ကြတယ်မလား။

လူငယ်တွေကျတော့လည်း ညမိုးချုပ်တဲ့အထိ ဖုန်းသုံးနေရင်းနဲ့ အချိန်ကုန်လို့ကုန်မှန်းမသိ ညနောက်ကျမှအိပ်၊ ကြာလာတော့ ညဘက်စောစောအိပ်ရမယ်ဆိုရင် ဘယ်လိုမှအိပ်လို့မပျော်တော့ဘူးလေ။

ဒီလိုမျိုး ညဘက်မှာ တော်ရုံနဲ့အိပ်မပျော်တတ်တဲ့ ညဥ့်ငှက်လေးတွေအတွက် အမြန်အိပ်ပျော်စေမယ့် နည်းလမ်း (၃) ချက်ကို ပြောပြပေးချင်ပါတယ်။

၁။ Military နည်းလမ်း

ပက်လက်လှဲနေပါ

မျက်နှာပေါ်မှာ ရှိတဲ့ ကြွက်သားတွေ ဖြေလျှော့ထားပါ
ပုခုံးကြွက်သားကို တင်းမထားဘဲ ဖြေလျှော့ထားပါ
လက်နှစ်ဖက်ကို ကိုယ်ခန္ဓာဘေးတစ်ဖက်စီမှာ ကပ်ထားပါ အသက်ရှူသွင်း၊ ရှူထုတ်လုပ်ပါ
ခြေထောက်၊ ခြေသလုံး၊ ပေါင်မှာရှိတဲ့ တင်းနေတဲ့ ကြွက်သားတွေကို ဖြေလျှော့ပါ

စိတ်ထဲမှာပူနေရတဲ့ အတွေးမှန်သမျှ ဖျောက်ထားပါ
တစ်ကိုယ်လုံးမှာ ရှိတဲ့အကြောအချဉ်တွေ ပြေလျော့နေချိန်မှာ စိတ်ကို အနားပေးပါ
သာယာဖွယ် မြင်ကွင်းတစ်ခုကို ကိုယ့်မျက်စိရှေ့မှာ မြင်နေရတယ်လို့ မှတ်ယူပါ
စိတ်ကို တခြားနေရာတွေ ရောက်မသွားအောင် ထိန်းထားပါ
ကိုယ်ခန္ဓာက ကြွက်သားတွေရော၊ စိတ်ရော ငြိမ်းအေးသွားချိန်မှာ အိပ်ပျော်ဖို့ ပိုလျင်မြန်သွားပါတယ်။

၂။ ၄-၇-၈ အသက်ရှူလေ့ကျင့်ခန်း

ပက်လက်လှဲအိပ်ပြီး မျက်နှာကို အပေါ်မူထားပါ
အရင်ဆုံး ရှေ့မှာရှိတဲ့အပေါ်သွားနဲ့ အောက်သွားကို တင်းတင်းစေ့ထားပါ၊ လျှာကို အနောက်မှာထားထားပါ
နှုတ်ခမ်းကို နည်းနည်းလေးဟပြီး ပါးစပ်နဲ့ လေအရင်ဆုံးထုတ်ပါ
ပြီးသွားရင် နှုတ်ခမ်းကိုပြန်စေ့ပြီး နှာခေါင်းကနေ လေကို ရှူသွင်းပါ (စိတ်ထဲမှာ ၁ ကနေ ၄အထိ ရေတွက်နေပါ)

ပြီးသွားရင် အသက်ကို အောင့်ထားပါ (စိတ်ထဲမှာ ၁ ကနေ ၇ အထိ ရေတွက်နေပါ)
နှုတ်ခမ်းကို ပြန်ဟပြီး လေသံပါအောင် ပြန်ရှူထုတ်ပါ၊ လျှာကိုတော့ သွားရဲ့အနောက်မှာပဲ ထားထားပါ (ရှူထုတ်နေစဉ် ၁ ကနေ ၈ အထိရေတွက်နေပါ)
အသိစိတ်နဲ့မထိန်းထားပါနဲ့၊ ပုံမှန်အတိုင်း ပေါ့ပေါ့ပါးပါး အသက်ရှူနေရတယ်လို့ပဲ မှတ်ယူထားပါ
တဖြည်းဖြည်းနဲ့ တင်းနေတဲ့ ကြွက်သားတွေ ပြေလျော့ပြီး အိပ်ချင်စိတ်ကို ဖြစ်ပေါ်လာစေမှာပါ

၃။ ကြွက်သားအတင်းအလျှော့လုပ်နည်း

အပေါ်မှာ ပြထားတဲ့နည်းလမ်း (၂) ခုနဲ့ အဆင်မပြေဘူးဆိုမှသာ ခုပြောမယ့်နည်းလမ်းကို လေ့ကျင့်သင့်ပါတယ်။

မျက်ခုံးကြောကို အပေါ်ပင့်ထားပါ၊ ပြီးတာနဲ့ ချက်ချင်း တင်းထားတဲ့မျက်ခုံးကြောကို လျှော့ချလိုက်ပါ၊ ပြီးရင် ခဏနားပါ
နောက်တစ်ဆင့်အနေနဲ့ သွားမစေ့ဘဲ နှုတ်ခမ်းကိုကွေးပြီး အားရပါးရ ပြုံးလိုက်ပါ၊ ပြီးသွားရင် ပုံမှန်အတိုင်းပြန်နေလိုက်ပါ
မျက်လုံးကို မှိတ်ထားပြီး ဘေးဘက်တွေကို စောင်းကြည့်ပါ၊ ခဏကြာရင် ရပ်လိုက်ပါ
ပက်လက်အိပ်နေတဲ့ ဦးခေါင်းကို ခေါင်းအုံးထဲဝင်အောင် ဖြည်းဖြည်းချင်းဖိချပါ၊ ပြီးရင် ပုံမှန်အတိုင်းပဲ ခေါင်းကို ပြန်ထားပါ

အဓိကအနေနဲ့ မျက်နှာမှာရှိနေတဲ့ ကြွက်သားတွေကို အတင်းအလျှော့ပြုလုပ်ပေးတာဖြစ်ပြီး ကျန်တဲ့ ရင်ဘတ်၊ လက်၊ ပေါင်နဲ့ ခြေထောက်ကြွက်သားတွေကိုလည်း အတင်းအလျှော့လုပ်ပေးလို့ရပါတယ်။
လူတစ်ယောက်အိပ်ချင်တဲ့ စိတ်ကိုဖြစ်ပေါ်စေဖို့ စိတ်ကလည်း ငြိမ်းချမ်းနေဖို့ လိုသလို ကိုယ်ခန္ဓာက ကြွက်သားအရိုးအဆစ်တွေဟာလည်း တင်းမနေသင့်ပါဘူး။ ဒီနည်းလမ်းတွေက ကိုယ်ခန္ဓာမှာ ရှိတဲ့ ကြွက်သားအတင်းအလျှော့ကို အဓိကပြောင်းလဲပေးတာဖြစ်ပြီး အချိန်နည်းနည်းပေးပြီး လုပ်ဖို့တော့ လိုအပ်ပါတယ်။ တခြားနည်းလမ်းတွေအနေနဲ့ အိပ်ခန်းတစ်ခုလုံးကို အသံလုံအောင်ထားပြီး မီးအရောင်မှိန်မှိန်လေး ဖွင့်ထားပေးတာ၊ ရေစီးကျသံ၊ ငှက်တေးကျူသံ၊ တယောသံ အစရှိတဲ့ စိတ်အေးချမ်းစေတဲ့ တီးလုံးတွေကို ဖွင့်ထားပေးလို့လည်း အဆင်ပြေပါတယ်နော်။

ကျန်းမာချမ်းသာလို့ပျော်ရွှင်ကြပါစေခင်ဗျာ🙏

သင့်မိတ်ဆွေတွေလည်းသိစေရန်ပြန်လည်မျှဝေခြင်းဖြင့်ကျန်းမာရေး ကုသိုလ်ယူပေးပါ။

ကျန်းမာရေးဗဟုသုတများကိုနေ့စဉ်နှင့်အမျှတင်ဆက်ပေးနေတာကြောင့် page ကိုfollowလုပ်ထားပါ။

#ကျန်းမာရေး #ဗဟုသုတ #စာပေ
#နွယ်မြက်သစ်ပင်ဆေးဖက်ဝင်
#မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်
#လေးစားစွာဖြင့်မူရင်းရေးသားသူကို
#credit

image