၁၉၆၀ ပြည့်လွန်နှစ်တွေတုန်းက ဆိုင်ကယ်နဲ့ပတ်သက်တဲ့နည်းပညာရပ်မှာ ထူးခြားတဲ့တီထွင်မှုတစ်ခုပေါ်ပေါက်ခဲ့ပါတယ် အဲ့တာကတော့ ဦးထုပ်ဆက်သွယ်ရေးစနစ် ဘဲဖြစ်ပါတယ် စီးနင်းသူ နဲ့ နောက်ကလိုက်ပါသူတို့ဟာ ဦးထုပ်တစ်ခုကနေ နောက်တစ်ခုကို ချိတ်ဆက်ထားတဲ့ စကားပြောပိုက် ကနေတစ်ဆင့် အဆက်မပြတ် ဆက်သွယ်ပြောဆိုနိုင်ခဲ့ပါတယ် Bluetooth နဲ့ intercom စနစ်တွေ မပေါ်ခင်ကာလတုန်းကတော့ ဒါဟာ လမ်းပေါ်မှာ ကြိုးမဲ့ဆက်သွယ်မှုနဲ့ အနီးစပ်ဆုံး ပုံစံတစ်ခုဘဲဖြစ်ပါတယ်
ဒီနေ့ခေတ်မှာ ကြည့်ရင်တော့ ထူးဆန်းနေနိုင်ပေမဲ့ ဒါဟာ လူတွေပြဿနာတွေကို ဘယ်လောက်အထိ တီထွင်ဖန်တီးပြီး ဖြေရှင်းခဲ့ကြတယ် ဆိုတာကို ပြသနေပါတယ် ဆိုင်ကယ်အတူစီးတဲ့အခါ အင်ဂျင်သံနဲ့ လေတိုက်နှုန်းကြောင့် အော်ဟစ်ပြောဆိုရတာမျိုး ဖြစ်တတ်တာမို့ အဲဒီခေတ်ကာလအတွက်တော့ ဒါဟာ ဆိုင်ကယ်စီးတဲ့အခါအချင်းချင်းဆက်သွယ်ပြောဖို့ ဉာဏ်ကြီးရှင်ဆန်တဲ့ နည်းလမ်းတစ်ခုဖြစ်ခဲ့ပါတယ်
#knowledge #ဗဟုသုတ