၁၉၆၁ ခုနှစ်၊ အာကာသချန်ပန်ဇီလေး Ham က ဇန်နဝါရီလမှာ ခရီးနှင်ပြီး ၃လအကြာ၊ ဧပြီလမှာ ယူရီ ဂါဂါရင်က အာကာသထဲ ပထမဆုံး ရောက်ခဲ့တဲ့ လူသားဖြစ်ပါတယ်။ လပေါ်ကိုရောက်ခဲ့တာ အမေရိကန် နိုင်ငံသား Neil Armstrong ဖြစ်ပေမယ့် အာကာသထဲကို အရင်ဆုံးရောက်ရှိတဲ့လူသားဟာ ဆိုဗီယက်နိုင်ငံ သား ဂါဂါရင်ဖြစ်ပါတယ်
လူသားတွေဟာ စကြဝဠာကို ဆက်လေ့လာနေတယ်၊ အာကာသကို ခြေဆန့်နေကြတယ် ဆိုပေမဲ့လဲ အာကာသခရီးရှည်ကြီးကို အာကာသခရီးသွား တိရိစ္ဆာန်လေးတွေကပဲ ပထမဆုံး မော်ကွန်းရေးထိုးနိုင်ခဲ့တာပါ။