16 w - Translate

စမတ်ကတ်ပုံမှန်ပြန်လည်ဆောင်ရွက်ပေး / နိုင်ငံ့ဝန်ထမ်းအငြိမ်းစားတွေ UID နံပါတ်လျှောက်ထားရာမှာ အဆင်မပြေမှုတွေရှိပါက သက်ဆိုင်ရာမြိုနယ်ရုံးနဲ့ e-ID Facebook စာမျက်နှာက လိုအပ်တဲ့အကူအညီတွေ ဆက်သွယ်တောင်းခံနိုင်
******************
(ပြည်တွင်း) ဇူလိုင် ၇
စမတ်ကတ် (e-ID/UID) ထုတ်ပေးတဲ့ လုပ်ငန်းတွေကို ဒီနေ့ ဇူလိုင် ၇ ရက် (တနင်္လာနေ့)ကစတင်ပြီး ပုံမှန်အတိုင်းပြန်လည်ဆောင်ရွက်ပေးနေပြီဖြစ်တယ်လို့ လဝက ထံကသိရပါတယ်။

ဇူလိုင် ၆ ရက်နေ့ ညပိုင်းထုတ်ပြန်တဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနရဲ့ အသိပေးထုတ်ပြန်ချက်မှာတော့ UID နံပါတ်ထုတ်ပေးတဲ့လုပ်ငန်းတွေ ရပ်တန့်မှုမရှိစေဖို့အတွက် အထူးအလေးထားကာ e-ID စနစ်ဆိုင်ရာအဆင့်မြှင့်တင်ခြင်းလုပ်ငန်းတွေကို ရုံးပိတ် ရက်တွေမှာသာ ဆောင်ရွက်ခဲ့ပြီး လျှောက်ထားရယူလိုသူ ပြည်သူတွေအနေနဲ့ သက်ဆိုင်ရာမြို့နယ်ရုံးတွေမှာ ပုံမှန်အတိုင်း ဆောင်ရွက်နိုင်ပြီလို့ ပါရှိပါတယ်။

မှတ်ပုံတင် စမတ်ကတ် (e-ID/UID) စစ်ဆေး ၊ ထုတ်ပေးတဲ့လုပ်ငန်းကို ယခုလ ဇူလိုင် ဇူလိုင် ၄ ရက်ကစတင်ပြီး ယာယီရပ်နားထားရာက သုံးရက်အကြာမှာ ပြန်လည်ဆောင်ရွက်ပေးခဲ့ တာဖြစ်ပါတယ်။၊

UID နံပါတ် လာရောက်လျှောက်ထားတဲ့ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားတွေကို အထူးဦးစားပေးအဖြစ်ဆောင်ရွက်ပေးသွားမယ်လို့လည်း လဝက က အသိပေးထားပါတယ်။

နိုင်ငံ့ဝန်ထမ်းအငြိမ်းစားတွေ UID နံပါတ်လျှောက်ထားရာမှာ အဆင်မပြေမှုတွေရှိပါက သက်ဆိုင်ရာမြို့နယ်ရုံးတွေမှာအကူအညီတောင်းခံနိုင်ပြီး e-ID Facebook စာမျက်နှာမှာလည်း လိုအပ်တဲ့အကူအညီတွေ ဆက်သွယ်တောင်းခံနိုင်တယ်လို့ အသိပေးထားပါတယ်။

image