ဒဏ္ဍာရီလာ သတ္တဝါကြီးတစ်ကောင်ကို မထင်မှတ်ပဲ မတော်တဆ သတ်မိသွားတဲ့အခါ 
 
Death of a Unicorn 
2025 ‧ Horror/Comedy ‧ 1h 48m 
 
Wednesday စီးရီးထဲက မင်းသမီး Jenna Ortega နဲ့ Antman မင်းသား Paul Rudd တို ပါထားတဲ့ မွန်းစတားဟော်ရာကားပါ။ 
ယူနီကွန်းတွေနဲ့ဇာတ်လမ်းပေမဲ့ ချစ်စရာ ယူနီကွန်းတွေတော့ မဟုတ်ပါဘူး။ ချိုနဲ့ထိုးတယ် ကိုက်တယ် တစ်အိမ်လုံးဖျက်ဆီးတယ် အကုန်ကျုံးတယ်ဆိုတဲ့ကားမျိုးပါ။ 
ဒီရုပ်ရှင်ကြည့်ပြီးရင် နောက်ဆို ယူနီကွန်း အပြင်မှာ မြင်ရင်တောင် တန်းပြီး ထွက်ပြေးပါလိမ့်မယ်။ 
ဇာတ်လမ်းအကျဉ်း 
ရှေ့နေ အဲလိယက် နဲ့ သူ့ရဲ့ သမီး ရစ်ဒလီ တိုဟာ ဆေးဝါးကုမ္ပဏီကြီးတစ်ခုရဲ့ ပိုင်ရှင်မိသားစုဆီကို ပိတ်ရက်မှာ အရောက်သွားခဲ့ပါတယ်။ 
အဓိကအချက်ကတော့ ဘုတ်အဖွဲ ကိုယ်စားလှယ်ရှေ့နေ အလုပ်ကို ရအောင်ယူဖိုဖြစ်ပြီး သားအဖေနှစ်ယောက် တစ်သက်စားမကုန်အောင် ချမ်းသာဖိုပါပဲ။ 
ဒါပေမဲ့ လမ်းမှာ ယူနီကွန်းမြင်းပေါက်လေးကို ကားနဲ့တိုက်မိပြီး သေပြီမှတ်လို ကားထဲဖွက်သယ်လာပါတယ်။ 
အဲဒီ မြင်းပေါက်လေးအလောင်းက ရောဂါအကုန်လုံးကို ပျောက်အောင်ကုနိုင်မှန်း သိသွားကြတဲ့အခါ သူဌေးမိသားစုက သုတေသနတွေလုပ်ပြီး ရောင်းစားဖို ကြံပါတော့တယ်။ 
အဲဒီမှာပဲ မြင်းပေါက်လေးကို လာကယ်တဲ့ ယူနီကွန်းကြီးတွေ ရောက်လာပြီး တစ်အိမ်လုံးကိုရော လုံခြုံရေးတွေ အကုန်လုံးကိုရောကိုပါ အသေကျုံးပါတော့တယ်။ 
ဒီ ကောင်ကြီးတွေလက်ကနေ သားအဖေနှစ်ယောက် ဘယ်လို အလွတ်ရုန်းကြမလဲဆိုတာ ကြည့်ရမှာပါ။ 
 
🚨📺Channel Link အရင် Join ပြီးမှ ဇာတ်ကား  Link  ကိုနိပ်ပါ💯 
 
☄️✏️Channel Link ကိုအရင် Join ထားပါဗျ👇👇 
 
https://t.me/addlist/wZvYAaIr8Mk3MmU1 
 
📺🔥ဇာတ်ကားကြည့်ရန် Link 
 
https://t.me/Boomerangcomedy/32
 
         
 
		  
		 
		 
		 
		 
		 
                