🦐 ချဉ်စပ် ဟင်းချို 🦐 
***************** 
၁- အသား 
ကြက်သား, ပြည်ကြီးငါး, ပုစွန် 
 
၂- ဟင်းသီး ဟင်းရွက် 
ပန်းဂေါ်ဖီ, မုန်ညင်းဖြူထုပ်,မှို 
 
၃- ဟင်းခပ် အမွှေးအကြိုင် ( ၆ ) မျိုး 
ကြက်သွန်ဖြူထောင်း, ဂျင်းထောင်း 
စပါးလင်, ရှောက်ရွက် 
ရှမ်းနံနံ, နံနံပင် 
 
၄- အရသာ 
သကြား,အရသာမှုန့်,ငံပြာရည် 
ငရုတ်သီးစိမ်း ( မညက်တညက် ထောင်းထားပါ ) 
သံပုရာသီး 
 
၅- တုန်ရမ်းအနှစ် 
( မထည့်လဲ ရပါသည် ) 
 
_________________________________________________ 
 
👉 ချက်ပါတော့မယ် 
*************** 
 
အိုးထဲရေထည့်ပီး ဗွမ်းဗွမ်းဆူအောင်တည်ပီးနောက် 
ဂျင်းထောင်း, ကြက်သွန်ဖြူထောင်း, ထုခွေထားတဲ့ စပါးလင်ထည့်ပါ။ 
 
၃ မိနစ်ခန့်ကြာသော် 
အသားလွှာထားသော ကြက်သားထည့်ပါ။ 
 
၁ မိနစ်ခန့်ကြာသော် 
သန့်စင်ထားသော ပြည်ကြီးငါးထည့်ပါ။ 
 
၁ မိနစ်ခန့်ကြာသော် 
သန့်စင်ထားသော ပုစွန်ထည့်ပါ။ 
 
၁ မိနစ်ခန့်ကြာသော် 
အသီးအရွက်များ ထည့်လိုက်ပါ။ 
 
သကြား,အရသာမှုန့်,ငံပြာရည် 
မညက်တညက် ထောင်းထားတဲ့ ငရုတ်သီးစိမ်း 
ညှစ်ထားတဲ့ သံပုရာသီး တို့ဖြင့် 
ချဉ် ငံ စပ် အရသာကို မိမိနှစ်သက်တဲ့အရသာ စပ်၍ ထည့်ပါ။ 
 
တုန်ရမ်းအနှစ် ကတော့ မထည့်လဲ သောက်လို့ ကောင်းပါတယ်။ 
ဝယ်ရတာ လွယ်ရင်တော့ထည့်ပါ။ 
 
အရွက်လေးများ နူးစပြုချိန်မှာ 
ရှောက်ရွက်,နံနံပင်,ရှမ်းနံနံထည့်မွှေပီးရင်တော့ 
အရသာရှိလှတဲ့ ချဉ်စပ်ဟင်းချိုရပါပီ။
 
         
 
		  
		 
		 
		 
		 
                