ညို.........
ညို့ရဲ့ ကျွန်မကို
ပေးခဲ့ဖူးတဲ့အချစ်တွေကလေ
ညို့အမျိုးသမီးလေးအရမ်းမြတ်နိုးတဲ့
သက်တန့်လေးလိုပဲ
အတုအယောင်ပေမဲ့
ကျွန်မကိုပျော်ရွှင်ကျေနပ်စေခဲ့တယ်
အဲ့ဒီအချစ်ရဲ့ တည်ရှိမှုလေးကတင်
ကျွန်မဘဝကိုအလင်းပေးနိုင်ခဲ့တယ်
ညို့ရဲ့ သက်တန့်လိုအချစ်ကတောင်
ကျွန်မကိုဒီလောက်ပြောင်းလဲစေခဲ့တယ်နော်
ညို့အမျိုးသမီးလေးကလေ
ကျွန်မခိုးယူချင်မိတဲ့ကံတရားနဲ့မွေးဖွားလာခဲ့တယ်ထင်ပါရဲ့။
- ဟေဇယ်