လူဖြစ်တဲ့ အတွက်  စိတ်ဓာတ်ကျတဲ့အချိန်တွေရှိမယ်။  
လမ်းပျောက်တဲ့ အချိန်တွေရှိမယ်။  
 
ချစ်ရတဲ့ သူတွေဆုံးရှုံးလိုက်ရတဲ့ အချိန်တွေရှိမယ်။ 
စီးပွါးရေးတွေ ဆုံးရှုံးသွား တဲ့ အချိန်တွေရှိမယ်။ 
 
သစ္စာဖောက်ခံရတဲ့ အချိန်တွေရှိမယ်။ 
အရာအားလုံး ဆုံးရှုံး သွားတဲ့ အချိန်တွေ ရှိမယ်။  
 
ထုတ်ပြောတာနဲ့ မပြောတာပဲ ကွာတယ်။  
ကြုံတာတော့ တစ်ခုမဟုတ် တစ်ခု ကြုံကြရမှာပဲ။ 
 
ကြုံလာခဲ့ရင် ဝမ်းနည်းပက်လက်ဖြစ်လို့ရတယ်။  
ဒါပေမယ့် ဝမ်းနည်းလျှက် ရှေ့ဆက်နေရမယ်။  
လုပ်စရာရှိတာလုပ်ရင်း ရှေ့ဆက်နေရမယ်။  
 
အတိတ်ထဲမှာ တဝဲလည်လည် ဖြစ်နေတဲ့သူတွေက  
အောင်မြင်ဖို့ခက်တယ်။  
 
အတိတ်ကို ထားခဲ့ပြီး ပစ္စုပန်ကို အာရုံစိုက်တဲ့သူတွေကပဲ  
အောင်မြင်သွားကြတာပါ။ 
 
#ဘဝအတွတ်စာဖတ်ပါ  
#ခွန်အားရှိသောစာတ်ိုများ  
#ဆရာအောင်သင်းစာပေ  
#စာပေဗဟုသုတများ  
#crd_to_owner_with_respectcrd
 
 
		  
		 
		 
		 
		 
                