🎇🔸(#လိုနေသော အိုးလေးများကိုလည်း  
                              #ဖြည့်ပေးနိူင်ကြပါစေ။)🔸🎇 
#ရေပြည့်အိုးကြီးတွေကိုကျော်ပြီး 
#လိုနေတဲ့အိုးလေးတွေကိုဖြည့်ပေးလိုက်ကြအုံး  
#ဗန်မော်ဆရာတော်ဘုရားကြီး မိန့်ဆိုချက်🙏🙏🙏 
"ဘုန်းဘုန်းကြီး လပြည့်နေ့ဘယ်ကြွစရာရှိလဲဘုရား" 
" မရှိပါဘူး ဘာကိစ္စရှိလို့လဲ" 
"မှန်ပါ့ဘုရား 
တပည့်တော်သားကြီးရဲ့မွေးနေ့ ဝါဆိုသင်္ကန်းကပ်နဲ့ 
ဆွမ်းဘုန်းပေးဖို့ ပင့်ချင်လို့ပါဘုရား" 
"အေးဟ 
မင်းတို့ သားကြီးက လပြည့်နေ့မှာမွေးတာလား" 
"မဟုတ်ပါဘုရား၊ လဆန်း (၁၃)ရက်နေ့ပါဘုရား" 
"မွေးနေ့မွေးရက် ကုသိုလ်ဆက် 
အသက်ရှည်ကြောင်းတည်း၊ အသက်ရှည်လို ကျန်းမာလို 
မွေးနေ့ကုသိုလ်ပြုရမည်ဆိုတဲ့အတိုင်းမွေးနေ့ မွေးရက်မှာ 
လုပ်ရရင် ပိုလို့မကောင်းဘူးလား" 
"ကောင်းပါတယ်ဘုရား၊ 
လပြည့်နေ့မှ စျေးကပိတ်မှာဘုရား 
ဧည့်သည်တွေကိုလည်း 
ဖိတ်ကျွေးဧည့်ခံချင်သေးလို့ပါဘုရား" 
"အင်း ဒါကတော့ အဆင်ပြေသလိုပေါ့၊ 
ဒါနဲ့ သံဃာတွေဘယ်နှစ်ပါးလဲ" 
"ငါးပါးပါဘုရား၊ ဆရာတော်ကြီးတွေချည်းပဲ၊ 
တခြားဆရာတော်တွေကလည်း 
ကိုယ်ကားနဲ့ကိုယ်ကြွလာကြမယ်တဲ့ဘုရား" 
"ဆရာတော်ကြီးတွေဆိုတော့ 
ကျောင်းထိုင်ကြီးတွေချည်းလား" 
"မှန်ပါ့ဘုရား၊ 
ဘုန်းဘုန်းကြီးလည်း ကိုယ်တိုင်ကြွပေးပါဘုရား" 
" အေးဟ 
#နင်တို့အိမ်မှာဆွမ်းခံကြွတဲ့ကိုယ်တော်လေးတွေမရှိဘူးလား\" 
" ရှိပါတယ်ဘုရား" 
"#အဲဒီကိုယ်တော်လေးတွေပါ ပင့်သင့်တယ်။ 
ဆရာတော်ကြီးက တစ်ပါးနှစ်ပါးပါရင်တော်ရောပေါ့။ 
ဒို့က အိုလာပြီ၊ #အနာဂါတ်သာသနာအတွက် 
#ကိုယ်တော်လေးတွေကို လက်ဆင့်ကမ်းပြီးတွဲခေါ်ရမှာ။ 
သူတို့က တကယ်လည်းလိုအပ်နေတာ။ 
မင်းတို့ကပ်တဲ့ သင်္ကန်းက ငါတို့ဆီရောက်လည်း 
အခန်းထဲပုံထားကြဦးမှာကွ။ 
#ကျောင်းလေးတာပဲအဖတ်တင်မယ်။ 
#ကိုယ်တော်လေးတွေလှူရင် #တကယ်ဝတ်ကြမှာ။ 
အဲဒီသက်န်းနဲ့ ဝတ်တက်ဝတ်ကပ် စာတက်စာကျက် 
ဆွမ်းခံကြွလုပ်ကြမှာ။ 
#သာသနာအတွက်တကယ့်ကို ကျေးဇူးများမှာကွ။ 
ဒို့များအတွက်က တစ်နှစ်နေလို့ 
သက်န်းကုန်လှရင် နှစ်စုံပေါ့ကွာ။ 
မင်းတို့ ဘယ်လိုမှ စိတ်မရှိနဲ့ ၊လပြည့်နေ့ ငါမကြွတော့ဘူး။ 
#ငါ့အစား စာသင်သားကိုယ်တော်လေးတစ်ပါးကို 
တိုးပင့်လိုက် သူ့ကိုပဲ လှူပေးလိုက်ပါ။ 
#မင်းကုသိုလ် ငါ့ကုသိုလ်ပေါ့ကွာဟုတ်ပီလား" 
" တပည့်တော်တို့က 
ဘုန်းဘုန်းကြီးကို ကြွပေးစေချင်တာဘုရား" 
"အေး လေကွာ။ 
ဒီနှစ်တော့မင်းတို့က ငါ့ပြောတဲ့အတိုင်းလုပ်ကြ၊ 
နောင်နှစ် ငါမသေသေးဘူးဆိုရင် 
မင်းတို့အလှူ ကြွပေးမယ်ကြားလား။ 
နောက်ထပ်ဘာစကားမှ ဆက်မလျှောက်နဲ့တော့။ 
မင်းတို့လည်းကုသိုလ်ပိုရ သာသနာတော်အတွက်လည်း ကျေးဇူးများစေချင်ရင် 
#ရေပြည့်အိုးကြီးတွေကိုကျော်ပြီး 
#လိုနေတဲ့အိုးလေးတွေကိုဖြည့်ပေးလိုက်ကြအုံး ကြားလား"💢 
" မှန်လှပါဘုရား"🙏🙏🙏 
#crdphoto 
#kohtet 
#မေတ္တာစေတနာဖြင့်??? 
#မူရင်းရေးသားသူအားရိုသေစွာဖြင့်???
 
         
 
		  
		 
		 
		 
                