#ဆင်တုန်းမနွယ် 
ဆင်တုံးမနွယ်နဲ့ အဆစ်ရောင်ရောဂါ 
တစ်ချို့ လေးဘက်နာ။ တစ်ချို့လည်း အဆစ်ရောင်ရောဂါသမားတို့ စိတ်မညစ်ကြပါနဲ့။ ဆင်တုံးမနွယ်ကို လေးခွက်တစ်ခွက်တင်ကျို (ရေနှင့်ဆင်တုံးမနွယ်ကိုရော.. ရေ လေးခွက်ထည့် … ရေတစ်ခွက်စာပဲ ကျန်သည် အထိ ကျိုချက်) 
(သို့မဟုတ်) 
ဆင်တုံးမနွယ်ကို ထုချေလိုက်ပါ။ ရေနှင့် တစ်ညလောက်စိမ်ထား။ အဲ့ဒီအရည်ကို သောက်ပေး။  ဒါဆိုရင်လည်း အဆစ်ရောင်ရောဂါဝေဒနာရှင်တွေအတွက် မသေဆေးပါ။ 
    ဆင်တုံးမနွယ်နဲ့ မီးယပ်ရောဂါ 
ဆင်တုံးမနွယ်ပြုတ်ရည်ဒါမှမဟုတ် ဆင်တုံးမနွယ်စိမ်ရည်ကို သောက်ပေးခြင်းဖြင့်လည်း အဆစ်ရောင်ရောဂါ သည် တွေလို မီးယပ်ဖြူဆင်းတဲ့ အမျိုးသမီးတွေအတွက် အထူးဆေးတစ်လက်ပါ။ 
    နှလုံးတုန်တဲ့လူနဲ့ စိတ်ချောက်ချားရောဂါနဲ့ ဆင်တုံးမနွယ် 
နှလုံးမကောင်းလို့။ စိတ်ထဲမှာဂယောင်ချောက်ချားဖြစ်လို့ဆိုရင်တော့ စိတ်မပူပါနဲ့…. ဆင်တုံမနွယ် နဲ့ မြင်းခွာရွက်ကို ပြုတ်။။ ပြီးလျှင် ရတဲ့ ပြုတ်ရည်ကို သောက်ပေး အမှန်တကယ်မုချပျောက်ကင်းမှာမို့ အသုံး၀င် လှပါတယ်။ 
    တီဘီ နာ နှင့်ဆင်တုံးမနွယ် 
အင်မတန်ခံရခက်ပြီး အသက်ကိုပါ ဒုက္ခပေးနိုင်တဲ့ရောဂါပါ။ DOTS ဆိုတာလည်း ရှိပေမယ့်ပေါ့….. 
မြန်မာတိုင်းရင်းဆေးမှာတော့ မြစ်ခြောက်နာရယ်လို့ ခေါ်ကြပါတယ်။ မြစ်ခြောက်နာ တီဘီရောဂါအတွက် ဖာလာဖြူ၊ ငါးပုလဲ၊ ဆင်တံးမနွယ်တို့ကို အမှုန့်ကြိတ်ပြီး ပျားရည်နဲ့ရောစပ်သောက်ပေးပါက ပျောက်ကင်း ပါတယ်။ 
    နားကိုက်နေသူနဲ့ ဆင်တုံးမနွယ် 
နားတွင်းမှာ အညစ်အကြေးတွေရှိလို့ပဲဖြစ်ဖြစ် အကြောင်းအမျိုးမျိုးကြောင့် နားကိုက်နေတယ်ဆိုရင်တော့ ဆင်တုံးမနွယ်ကို ကြိတ် ကြက်သီးနွေးလောက်ပဲပြုတ် အဲ့ဒီပြုတ်ရည် နွေးနွေးလေးနဲ့ နားကိုဆေးပေးလိုက်ပါ။ ပျောက်ကင်းသွားမှာ အမှန်ပါပဲ။ 
    ကိုယ်ရည်ဝါရောဂါနဲ့ ဆင်တုံးမနွယ် 
ဆင်တုံးမနွယ်အရွက်ကို ကြိတ် ဒိန်ချဉ်ရည်နဲ့ ရောသောက်ရင် ပျောက်ကင်းပါသတဲ့။ 
    ခြေဖဝါးပူတဲ့ရောဂါ နဲ့ ဆင်တုံးမနွယ် 
ဆင်တုံးမနွယ်နဲ့ ကြက်ဆူစေ့ကို ရောပြီးကြိတ် ခြေဖဝါးမှာ လူးပေးလို့ကတော့ ခြေဖဝါးပူတဲ့ရောဂါ လျင်မြန်စွာ ပျောက်သွားပါလိမ့်မယ်။ 
    အထွေထွေရောဂါနဲ့ ဆင်တုံးမနွယ် 
ဆင်တုံးမနွယ်ကို ထောပတ်နဲ့စားရင် လေရောဂါအတွက်ကောင်းပါတယ် 
ဆင်တုံးမနွယ်ကို သကြားနဲ့စားရင် သည်းခြေအတွက်ကောင်းပါတယ် 
ဆင်တုံးမနွယ်ကို ပျားရည်နဲ့စားရင် သလိပ်အတွက်ကောင်းပါတယ် 
ဆင်တုံးမနွယ်ကို သင်္ဘောချင်းခြောက်နဲ့စားရင် အစောမကြေရောဂါ။ လေပြည့်နာအတွက်ကောင်းပါတယ် 
    လူတွေအတွက်တင်မဟုတ်တဲ့ ဆင်တုံးမနွယ် 
တောင်သူဦးကြီးတွေအားထားကြတဲ့ ကျွဲ၊နွားတွေ မှိုင်ပြီး မျက်ရည်တွေကျတာမျိုးဖြစ်နေရင် (နှုန်းနာ) ဆင်တုံးမနွယ်ကို နုတ်နုတ်စင်းပြီး ဆားနဲ့ နယ်ကျွေးရင် ရောဂါတွေပျောက်သွားမယ်. 
ကျွဲနွားတွေ ဆီးအောင့်ဆီးချုပ်ဖြစ်ခဲ့ရင်တော့ ဆင်တုံးမနွယ်ကို နုတ်နုစင်း။ ရေစိမ်။ ရတဲ့အရည်ကို ဆားထည့် ဝါးကျည်ထောက်နဲ့ ထည့်တိုက်ပေးရင် ပျောက်ကင်းပါတယ်တဲ့။

 
          
        
         
 
		  
		 
		 
		 
		 
		 
                