ဘာလိုအပ်နေလဲ မေးတဲ့သူထက်   
လိုတာလေး အလိုက်တသိ လုပ်ပေးတဲ့သူကို  
သဘောကျတာ မမှားပါဘူး  
 
ဂရုစိုက်ပေးပါလို တောင်းဆိုစရာမလိုပဲ  
ဂရုစိုက်ပေးတဲ့ အရိပ်ကို ခိုလှုတာမမှားသလို  
 
ကြင်နာပေးပါလို ပြောစရာမလိုပဲ  
ကြင်နာတတ်တဲ့ နှလုံးသားလေးတစုံမှာ  
ပျော်ဝင် နားခိုမိတာလဲ မမှားပါဘူးနော်  
 
လိုအပ်နေတာက  
ပြောစရာမလိုပဲ ချစ်ပေးနေတဲ့သူကိုပဲ လိုတာပါ။
 
         
 
		  
		 
		 
		 
                