ဘဝမှာအောင်မြင်ချင်ရင်တော့  
မင်းကိုယ်မင်း သနားလို့ လုံးဝမရဘူး 
အောင်မြင်ချင်တဲ့သူက သူများထက်ပိုပြီး... 
 
ကြိုးစားရတယ် သူများထက်ပိုပြီး စိတ်ရောလူရော အပင်ပန်းခံနိုင်ရမယ် 
သူများလုပ်သလောက်လုပ် 
သူများ နေသလိုနေပြီးတော့  
သူများထက်ထူးပြီး အောင်မြင်ချင်လို့တော့  
လုံးဝမရဘူး။ 
 
အဲဒီတော့ အောင်မြင်မူကိုသွားတဲ့နေရာမှာ 
လူတွေတော်တော်များများ လက်လျှော့သွားတာက အဆင်မပြေတဲ့ အချိန်တွေ 
အခက်ခဲ့တွေ ပြသနာတွေ ရင်ဆိုင်ရတဲ့ 
အချိန်ပဲဖြစ်တယ်။ 
 
မင်းအဲ့တာတွေကို 
ရင်ဆိုင်ရမှာပဲ ကြောက်နေလို့ မရဘူး... 
 
မင်းအဲတာတွေကို ကျော်လွှားနိုင်အောင် 
ကြိုးစားပါ အကြိမ်ကြိမ် ကြိုးစားတာများလာမှ အတွေ့အကြုံတွေ များလာပါမယ်။ 
 
မင်းပိုပြီတော့ ရင်ကျက်လာမှာ ပြီးရင် 
အခက်ခဲ့တစ်ခုကို ဖြေရှင်းပြီးတိုင်း  
နောက်မှာ အခွင့်ရေးက ကပ်ပါလာတတ် 
တယ်။ 
 
အဲ့ဒီတော့ အဲ့ဒီအခွင့်ရေးကို လိုချင်ရင်  
မင်းအဲဒီအခက်ခဲကို ရအောင်ဖြေရှင်းပါ 
ရင်ဆိုင်ကြိုးစားလိုက်စမ်းပါ။ 
 
တကယ်ရင်ဆိုင်တဲ့အခါကျမှ အရာတိုင်းက 
မင်းထင်နေသလောက် မခက်ခဲ့ဘူးဆိုတာ 
မင်းသိလာလိမ့်မယ်.... 
တကယ်အောင်မြင်ချင်တယ်ဆိုရင်  
ကိုယ့်ကိုကိုယ် လုံးဝမသနားပါနဲ့  
ခေါင်းထဲမှာ မြဲမြဲ မှတ်ထား  
ငယ်တုန်းမှာ မင်းကိုယ်မင်း မခိုင်းရင် 
ကြီးလာရင် သူများခိုင်းတာကို ခံရလိမ့်မယ်။ 
 
ကျွန်နော်ငယ်ငယ်က အလုပ်တွေကို 
အရမ်းကြိုးစားခဲ့တဲ့အချိန်မှာ အစ်မတွေ 
ဆွေမျိုးတွေက တားကြတယ် အဲလောက် 
ထိ မကြိုးစားနဲ့ မလုပ်နဲ့တဲ့ အရမ်းပင်ပန်း 
နေမယ်တဲ့ သူတို့ကပြောကြတယ် နင့်ကို 
ကြည့်ရတာ အရမ်းသနားတာပဲတဲ့ အဲ့လိုပြောကြတယ်။ 
 
သူငယ်ချင်းတွေကလည်း ပြောကြတယ် 
ဘယ်သူစားဖို့ အဲ့လောက်ထိလုပ်နေရတာလဲတဲ့ 
သူတို့ကို ပြောပြလိုက်တယ် 
ငါမကျန်းမာတဲ့အခါ ဆေးရုံကောင်းကောင်း 
ဘယ်သူက တာဝန်ခံ ကုပေးမှာလဲလို့ ပြီးတော့... 
 
ကျွန်နော် မိန်းမယူတဲ့အခါ အိမ်ကောင်းကောင်းမှာ 
ထားနိုင်ဖို့ အပြင်စျေးဝယ် ခရီးသွားတဲ့အခါ ကိုယ်ပိုင်ကားလည်း လိုအပ်တယ် ရှိကိုရှိရမယ်  
အဲ့တာတွေကို ဘယ်သူက ဝယ်ပေးမှာလဲ။ 
 
ကျွန်နော်ဘဝသစ်တစ်ခုကို တည်ဆောက်တဲ့အခါ 
ပျော်ရွှင်တဲ့ မိသားစုဘဝကို  
ပိုင်ဆိုင်နိုင်ဖို့ အတွက် ပိုက်ဆံဆိုတာ  
မရှိမဖြစ် လိုအပ်ပါတယ်လို့ ပြောလိုက်တော့ ငြိမ်သွားကြတယ်။ 
 
သာယာတဲ့ မိသားစုဘဝတစ်ခုကို ပိုင်ဆိုင် 
ချင်တယ်ဆိုရင် ကိုယ်ခြင်းစာတရားရှိဖို့ 
လိုအပ်သလို နားလည်မူအပြင်  
ပိုက်ဆံရှိဖို့ကလည်း အရေးကြီးပါတယ်။ 
 
ကိုယ်လုပ်နိုင်တဲ့အချိန်မှာ လုပ်ကိုလုပ်ရမှာ။ 
 
ကျွန်နော်ကတော့ လုပ်နိုင်တဲ့အချိန်  
ဝင်ငွေကောင်းတဲ့အချိန်မှာ များများရှာ 
များများစုဆောင်းတတ်တယ် တစ်နေ့ 
ကိုယ်မိသားစု မျက်နှာမငယ်ရအောင် သူများဆီ အောက်ကျမခံရအောင်ဆိုတဲ့ စိတ်နဲ့ ပေါ့။💪 
 စာဖတ်နေသူအားလုံးလည်း ကောင်းမွန်တိုးတက်သော ဘဝတစ်ခု ပိုဆိုင်နိုင်ကြပါစေ။🙏 
 
#မေတ္တာများဖြင့် #မျှဝေ # 
Credit....
 
         
 
		  
		 
		 
		 
		 
                