2 d - Translate

ဘယ်လောက်စောင်ငြင်းသန်တဲ့ကောင်ဖြစ်ဖြစ်
စောင်ရမ်းတတ်ပြချင်တဲ့ကောင်ဖြစ်ဖြစ်တွေ့ရင်
စကားလုံးတလုံးတော့ဆောင်ထားဖို့လိုတယ်
အာ့တာ “ ဟုတ်ပါပြီ “ ပဲ

စောင်ရမ်းငြင်းနေရင် ခဏနားထောင်ပေးလိုက်
ပြီးရင် မျက်နှာလေးကြည့်ပြီး
“ ဟုတ်ပါပြီ “ လို့ပြောပေးလိုက်ရုံပဲ

စောင်ရမ်းရှင်းပြချင်နေလည်း အေး
နားထောင်ပေးလိုက် ပြီးမှ
“ ဟုတ်ပါပြီ “ လိုပြောပေးလိုက်ရုံပဲ

“ဟုတ်ပါပြီ” ဆိုတာ မဟုတ်ဘူးလို့ပြောတာမဟုတ်တော့
စောင်ရမ်းငြင်းတဲ့ကောင်ရော
စောင်ရမ်းရှင်းပြချင်တဲ့ကောင်ရောက
အင်တင်တင်နဲ့ “ဟုတ်ပါပြီ” ကို
လက်ခံလိုက်ရမှာပဲ

တချိန်ထဲမှာလည်း “ ဟုတ်ပါပြီ “ ဆိုတဲ့
စကားလုံးကြီးကို ကြည့်ပါဦး
ကောင်းမွန်သော ခနဲ့တဲ့တဲ့လေသံနဲ့သာထွက်နိုင်ရင်
တော်တော်ပြန်ပြောရဆိုရခက်တာကြီး

စကားအတတ်ပညာ ကောင်းကောင်းသင်ချိန်မရှိရင်
“ ဟုတ်ပါပြီ “ ကိုသာ လေယူလေသိမ်းမှန်အောင်လေ့ကျင့်ထားကြ
သုံးတတ်ရင် သောက်ပေါက်ပိတ်ဂါထာပဲ။
credit...

image