ထန်းလျက်နဲ့ သရက်ယို 
 ရှာမတွေ့တဲ့ ညီမလေးရေဒီမှာနော် 
ပြန့တင်ပေးလိုက်ပြီ 
သရက်ယို 
🌿🌿🌿🌿🌿 
သရက်သီး   ၃လုံး 
ထန်းလျက်  ၃၀သား (အချိုကြိုက်ရင်ပိုထည့်) 
ဆား အနည်းငယ်  
ထုံး (ဇီးသီးလုံးခန့်) 
 သရက်သီးများကိုအခွံနွှာပြီရေဆေးထားပါ 
ခြစ် နဲ့ ခြစ်ပြီးရင် (အနေတော်တုံး (လှီး)လည်းရတယ်) ကြိုက်သလိုပေါ့  ထုံးရေနဲ့ ၂ နာရီခန့်စိမ်ပြီ ရေဆေး ရေညှစ်ထားပါ 
ထန်းလျက်ကိုဆားအနည်းငယ်ထည့် ညောင်စေးကျအောင်ကျိုပါ 
သရက်သီးကို ထန်းလျက်ကျိုထားတဲ့ အိုးထဲထည့်ပါ 
သရက်သီးအရည်များထွက်လာပါမည် 
 ရေခန်းတဲ့အထိ မွှေရမယ်နော် ရေခန်းခါနီး မဆလာတဇွန်း ငရုပ်သီးအစိမ်းမှုန့်တဇွန်းထည့်  
 ရေခန်းရင် မီးအရှိန်လျှော့လို့ရပြီ  မီးအေးးနဲ့ စေးလာအောင်ထိုးပေးပါသရက်သီးများစေးလာပါကမီးဖိုပေါ်မှအိုးကိုချရပါပြီ 
အေးလာရင် သရက်ယိုလေးစားလို့ရပါပြီနော်
 
         
 
		  
		 
		 
		 
		 
                