လမ်းသရဲမုန့် 
🥰🥰🌮🌮🌮🌮🌮🌮🌮 
ဆန်မှုန့်.....200g 
ရေ ........500ml 
အကြော်မှုန့်..... ထမင်းစားဇွန်း ၃ ဇွန်း 
ပဲအစိမ်းမှုန့်.... ထမင်းစားဇွန်း ၂ ဇွန်း 
ဘေကင်ဆိုဒါ......အနည်းငယ်  
ဆား ......အနည်းငယ်  
အစာပလာတွေကတော့ 
ပဲပြုတ်......လိုသလောက်  
ခရမ်းချဉ်သီး .... ၃လုံး ပါးပါးလှီး  
ဂေါ်ဖီ.....ပါရုံလေး🙄 (ပါးပါးလှီး) 
ငရုပ်သီးစိမ်း .....၅ တောင့် (ပါးပါးလှီး) 
နံနံပင် .....လိုသလောက်  (ပါးပါးလှီး)  
မဆလာ ....အနည်းငယ်  
*လမ်းသရဲမုန့်ပြုလုပ်နည်း* 
 ဇလုံတစ်ခုထဲတွင် ဆန်မှုန့် အကြော်မှုန့် ပဲအစိမ်းမှုန့်  ဘေကင်ဆိုဒါ ကို သမအောင်မွှေ ပြီး ရေနဲ့ ဆားကို သမအောင် မွှေတံနဲ ရောမွှေပေးပါ 
 ပြီရင် ၂ နာရီခန့် နှပ်ထားပေးပါ။ 
  ဒယ်အိုးထဲဆီထည့် ဆီပူလာရင် မုန့်နှစ်ထည့် အပေါ်မှ ပဲပြုတ်၊ ခရမ်းချဉ်သီး၊ ဂေါ်ဖီ၊ ငရုပ်သီးစိမ်း၊ဆူးပုပ်ရွက်၊ နံနံပင်၊ငုံးဥ၊ မဆလာ အနည်းငယ် ဖြူး 
အဖုံးအုပ်  
 မုန့်ဘေးသားများ ကြွပ်လာသည်အထိ မီးအသင့်တင့်ဖြင့် ဆီများများနဲ့  ကြော်ပေးပါ 
မုန့်ဘေးသားများ ကြွပ်လာပြီဆိုမှ လမ်းသရဲမုန့်ကို အလယ်ကနေ ခေါက် စားလို့ရပါပြီနော်  
ပုံလှလှလေးတွေမရှိဘူး 
လုပ်လိုက် စားလိုက် လက်ကိုမလည်တာ😆😆
 
         
 
		  
		 
                