ကိုးရီးယားကြက်ကြော် 
ပါဝင်ပစ္စည်း 
ကြက်ကြော်ရန်အတွက် 
ကြက်သား 
အကြော်မှုန့်  
ခရုဆီ  
ဆား 
သကြား 
ငရုပ်ကောင်းမှုန့် 
ကြက်သွန်ဖြူမှုန့် 
ဆီ 
ကြက်ဥ တလုံး (ခေါက်ထားပါ) 
ကြက်သားကို အနေတော်တုံးပြီ ဆား 
သကြား ခရုဆီ ငရုပ်ကောင်းမှုန့် ကြက်သွန်ဖြူမှုန့်ထည့်ပြီ ၂နာရီနှပ်ထားပါ 
အကြော်မှုန့် ထဲကပ် ကြက်ဥမွှေထားတဲ့အထဲနှစ်ထည့် အကြော်မှုန့်ထဲထပ်ကပ် ဆီပူထဲထည့်ကြော် 
အဝါရောင်သန်းလာရင် ဆယ်ပြီဆီစစ်ထားပါ 
နောက်တခါပြန်ကြော် အနီရောင်သန်းလာရင် ရပြီနော် 
ဆော့စ်လုပ်ရန် 
ပျားရည်...၁ဇွန်း 
ခရုဆီ ....၁ဇွန်း 
ပဲဆီ....၁ဇွန်း 
သကြား.....အနည်းငယ်  
ပဲငံပြာရည်အကြည်......၁ဇွန်း 
ဆား ....အနည်းငယ်  
ကိုးရီးယားအနှစ် .....၁ဇွန်း 
စပ်ထားတဲ့ ဆော့စ်လေးကို ဆီအနည်းငယ်ထည့်ပြီတည် ဆူလာရင်  
ကြော်ထားတဲ့ကြက်သားလေးထည့်မွှေပြီ သမပြီဆိုရပါပြီနော် 
ပန်းကန်ထဲထည့်  
နှမ်းဖြူး ကြက်သွန်မြိတ်လေးပါထည့်😋😋
 
         
 
		  
		 
		 
		 
                