မုန့်ဖက်ထုပ် လုပ်နည်း (နောက်တစ်နည်း) 
ဝါဝင်တော့မယ်ဆိုတော့ 😁 
ယိုးဒယားသာကူစေ့  - ၂ထုပ် 
ကောက်ညှင်းမှုန့် - ၁ထုပ် 
ဆား -အနည်းငယ် 
သကြား -၃၀ကျပ်သား 
မြေပဲဆီ -အနည်းငယ် 
အုန်းသီး- ၁လုံး( ခြစ်ထားရပါမယ်) 
ရေ - အတော်သင့် 
...အိုးတစ်ခုထဲတွင် အုန်းသီး ၊သကြား၊ ဆားအနည်းငယ်ထည့်ပြီးမွှေ၊ လိုက်ပါ။ 
ရေခန်းလို့ ပျစ်ပျစ်လေးဖြစ်လာပြီဆိုရင် အုန်းယိုရပါပြီနော် အအေးခံထားပါရှင့် 
...ကောက်ညှင်းမှုန့်ကိုဇလုံထဲမှာထည့်ပြီး သာကူစေ့ကိုရေအရင်ဆေးပြီးမှ ဇလုံထဲကိုလောင်းထည့်မယ်  ပြီးလျှင်ရေအနည်းငယ် ထည့်ပြီ သမအောင်နယ်ပေးပါ နာရီဝက်လောက်နှပ်ထားပေးမယ်နော် 
နှပ်နေတုန်းမှာ သာကူကပွလာအုံးမှာမို့ ရေနည်းနည်းပြန်ထည့်ပြီရင်သမအောင်နယ်ပေးရမယ်  
....ငှက်ပျောဖက်များကို သန့်စင်ပြီး နေလှန်း သို့ မီးကင်ထားပါ။ ငှက်ပျောရွက် အောက်မျက်နှာပြင်နဲ့ထုပ်ပါမယ်။  
.....ပြင်ဆင်နေတုန်းမှာပေါင်းမည့်အိုးကို ရေတည်ပေးထားမယ်နော် 
.....ငှက်ပျောဖက်ကို အနေတော် ညှပ်ထားပြီး ဆွေဇင်တော့မညှပ်ဘူး ဒီအတိုင်းပဲ ကန်တော့ပုံနဲ့ထုပ်တယ်။ ဖက်ကို ဆီအနည်းငယ် သုတ်ပေးပါ။ မသုတ်လျှင် မုန့်ကျက်လို့ ခွာလျှင် ကပ်ကုန်မှာဆိုးလို့ပါ။မုန့်ဖတ်တစ်ဇွန်းစာကို ကန့်တော့ထဲထည့်၊ ချိုင့်ခွက်အနေထားလေး ဖြစ်အောင် လုပ်ပြီး အလယ်မှာ အုန်းယို လေးအစာသွပ်ပါမယ်နော် အထုပ်ကို လုံအောင် ပိတ်ပြီး ပေါင်းမည့် အိုးထဲသို့ ထည့်ထားပါ။ 
အားလုံးပြင်ဆင်လို့ ပြီးရင် ရေဆူတာနဲ့ကွက်တိ  နာရီဝက်လောက် ပေါင်းပေးပါ
 
         
 
		  
		 
		 
		 
                