ရှမ်းထမင်းချဉ်
°°°°°°°°°°°°

ရှမ်းထမင်းချဉ်ရိုးရှင်းတဲ့ရှမ်းရိုးရာနည်းလေးနဲ့ပဲဝေမျှလိုက်ပါတယ်။

ပါ၀င်ပစ္စည်းများ
***********

ရှမ်းဆန်........................၄ဗူး (နို့ဆီဗူး )
ခရမ်းချဉ်သီး(ကိုင်းသီး) ....၃၀ ကျပ်သား
အာလူး....................... ၂၀ ကျပ်သား
ရှမ်းပဲပုပ်ပြား...................၆ချပ်
ဆား၊ ပာင်းခတ်မှုန့်..........သင့်ရုံ

တွဲဖက်စားရန်
*********
ကြက်သွန်ဖြူ ...........၁၀ တက်

ထောင်းပြီးနနွင်းမှုန့်နှင့်ဆီသတ်ထားရန်။
ငရုတ်သီးခြောက်တောင့်ကြော်
ဂျူးမြစ် ၊ ဆလတ်ရွက်
မြေပဲကြော်
တို့ပာူးကြော်( သို့) တို့ဟူးခြောက်ကြော်
ဟင်းချိုရည်တစ်မျိုး

ပထမဆုံးထမင်းကို အနေတော်ဖြစ်အောင်
ချက်ပြီးအအေးခံထားပါ။

အားလူးကိုပြုတ်၊ အခွံခွာပြီးပါးပါး(သို့) ကြေ
အောင်လှီးထားပါ။

ခရမ်းချဉ်သီးကို နနွင်းမှုန့် အရောင်တင်ထည့်
ပြီးရေပါသည်ဆိုရုံလောက်လေးနဲ့ပြုတ်ပြီးဆန်ခါတစ်ခုနှင့်အနှစ်တိုက်ယူထားပါ။

ရှမ်းပဲပုတ်ပြားကို မီးအေးအေး(သို့)
ပေါင်မုန့်ကင်တဲ့စက်မှာအနိမ့်ဆုံးအပူချိန်နဲ့မီးဖုတ်ပြီးမှုန့်နေအောင်ထောင်းထားပါ။

ဒါတွေအားလုံးအဆင်သင့်လည်းဖြစ်၊ တွဲဖက်စားသုံးမယ့်အရာတွေလည်းအဆင်သင့်ဖြစ်ပြီဆိုရင်တော့ထမင်းချဉ်နယ်လို့ရပါပြီ။

ဇလုံကြီးကြီးတစ်ခုမှာ ပါ၀င်ပစ္စည်းအားလုံးကို ရောထည့်ပြီး ဆား၊ပာင်းခတ်မှုန့်အနည်းငယ်တို့နှင့်အရသာဖြည့်ပြီးနှံ့နေအောင်နယ်
ပေးပါ။

ကလေးလက်သီးဆုပ်အရွယ်လေးများလုံးပြီးမသိမသာပြန်ဖိပေးပြီးငှက်ပျောဖက်ခင်းထားတဲ့ပန်းကန်ထဲမှာထည့်ပြီးကြက်သွန်ဖြူ ဆီချက်
လေးဆမ်းကာတွဲဖက်ပစ္စည်းများနှင့်အတူသုံးဆောင်လို့ရပါပြီ။

တကယ်တော့ရှမ်းထမင်းချဉ်လို့ဆိုကြပေမယ့်အချဉ်လွန်ကဲနေတဲ့အရသာမျိုးတော့မပာုတ်လှပါဘူး။

မှတ်ချက်။
ငါးကြိုက်တတ်သူများ ငါးကြင်း(သို့)ငါးရံ့ကိုပြုတ်ပြီးအသားနွှင်ကာရောထည့်ပြီးနယ်နိူင်ပါတယ်။

image