နေပြည်တော်၁၂လုံးတန်းကဝတ်ရုံတစ္ဆေ
"ဂူ......ရွှေးချင်တယ်"
အခန်းထဲတယောက်ထဲရှိနေရာမှ အက်ရှရှ အသံကြီးကအနားကပ်ပြောလိုက်သလိုပြတ်ပြတ်ထင်ထင်ကြီးကြားလိုက်ရလို့ အိရှောင်အမ်း တယောက်ခေါင်းနပမ်းကြီးသွားသည်။
အိမ်ရှောင်အမ်းမှာမြန်မာနိုင်ငံကိုအာဏာသိမ်းထားသောဗိုလ်ချုပ်ကင်မရွမ်းမဲကြီး၏ဖိတ်ခေါ်ချက်ကြောင့်ရောက်ရှိလာသူဖြစ်ပြီး တရုတ်နိုင်ငံရဲ့ ကော်ပတ်ရုပ် အိတ်စပိုစ့် ကုမ္ပဏီကြီး၏ စီအီးအို ဒါရိုက်တာတဦးဖြစ်လေသည်။
ယခင်တရုတ်နိုင်ငံသို့ကင်မရွမ်းမဲကြီးရောက်လာချိန်ကဖင်ယားနာဖြစ်နေတဲ့ကင်မရွမ်းမဲကြီးကို တရုတ်ထုတ်ဗိုင်ပရေတာ တခု လက်ဆောင်ပေးခဲ့ဖူးတဲ့အတွက်မြန်မာနိုင်ငံအာဏာသိမ်းခေါင်းဆောင်ရဲ့လက်ရုံးတဆူဖြစ်လာချိန်မှာတော့တချိန်ကကူညီပေးခဲ့ဖူးတဲ့အိရှောင်အမ်းကိုစီမံကိန်းတခုလုပ်ကိုင်ခွင့်ပေးရန်နေပြည်တော်သို့ခေါ်ခဲ့တာပဲ ဖြစ်ပါတယ်။
နေပြည်တော်ရောက်ရောက်ချင်း ၁၂ လုံးတန်းကအစိုးရအိမ်ကြီးတခုမှာအိရှောင်အမ်းတည်းခိုရသည်။
ပထမရက်တွေကတော့ လုပ်ပိုင်ခွင့်ရထားတဲ့ ငှက်ပျောတောစီမံကိန်းကြီးရဲ့အကျိုးအမြတ်တွေကိုစိတ်ကူးနဲ့ဖဲစီနေတဲ့အိရှောင်အမ်းတယောက်သတိမထားပေမယ့်သုံးရက်မြောက်ပြန်ရောက်လာချိန်မှာတော့သတိပြုမိလာတယ်။
တအိမ်လုံးမှာမှ မနက်ပိုင်းဗာဟီရ လုပ်ဖို့လွှတ်ထားတဲ့ဝန်ထမ်းတဦးနဲ့မိမိသာရှိသည်၊ ထိုဝန်ထမ်းကလဲညနေသုံးနာရီထိုးတာနဲ့ပြန်တော့သုံးနာရီနောက်ပိုင်းခြံအကျယ်ကြီးထဲကအိမ်ကြီးမှာအိရှောင်အမ်းတယောက်ထဲ ကျန်ခဲ့သည်။
ညနေပိုင်းဘာမှမဖြစ်ပေမယ့် ည နက်လာတာနဲ့အမျှအသံတွေကြားလာရတော့သည်။
"ဖုတ် ဖုတ် ဖုတ် ဖုတ်"
လူတယောက်ဝတ်ရုံရှည်ကြီးကိုဝတ်ထားသလိုအသံတွေခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်သံတွေတခုခုကိုခုန်ခုန်ပြီးယူနေတဲ့အသံတွေကြားလာရသည်။
အိရှောင်အမ်းတယောက်ဒါမျိုးတွေအယုံအကြည်မရှိတဲ့သူဆိုတော့ပထမလူဝင်တယ်ထင်ပြီးအိမ်အနှံ့လိုက်ရှာကြည့်တော့လဲတအိမ်လုံးကျွန်းတံခါးမကြီးတွေနဲ့ဝင်ပေါက်ထွက်ပေါက်တွေပိတ်ထားတာဆိုတော့လူမပြောနဲ့ကြွက်ပင်ဝင်ဖို့မလွယ်။
ဒီလိုနဲ့တညမှာ အိမ်ရှောင်အမ်းအပြင်ကပြန်လာပြီး ပင်ပန်းလာတဲ့အတွက် အိပ်ပျော်သွားသည်။
အိပ်လိုက်တာ ဘယ်လောက်ကြာသွားမှန်းမသိ အိရှောင်အမ်းနားထဲ
"ဂူ ရွှေးချင်တယ်"ဆိုတဲ့အသံ ကြီးကြားမှ လန်းနိုးလာတော့သည်။
အသံကြီးကကြောချမ်းစရာမို့အိရှောင်အမ်းတယောက်ခြင်ထောင်ထဲမှာငုတ်တုတ်ကြီးထိုင်နေမိသည်။
ထိုစဉ်
"ကျွီ ဖုတ် ဖုတ် ဖုတ် ဖုတ်"
အခန်းတခါးဟသွားပြီး အရပ် လေး ပေ ကျော်ကျော်ရှိတဲ့သူတယောက်အနီရောင်ဝတ်ရုံကြီးရုံပြီးသူ့ဆီကိုနောက်ပြန်ကြီးလျှောက်လာတာကို တွေ့လိုက်ရလေသည်။
အိရှောင်အမ်း တယောက်အကြောက်လွန်ပြီး ဘေးနားမှာတခုခုရှိလိုရှိငြှားလှမ်းဆွဲပေမယ့် သူ့လက်တွေလှုပ်မရတော့
ဝတ်ရုံနဲ့သူကားတဖြည်းဖြည်းနီးလာလေပြီ
"ဖုတ် ဖုတ် ဖုတ် ဖုတ်"
တရွေ့ရွေ့သူ့ဆီတိုးလာပေမယ့် နောက်ပြန်ကြီးဖြစ်နေတော့သူ့မျက်နှာကိုမမြင်ရ။တဖြည်းဖြည်းအိရှောင်အမ်း ရှိနေတဲ့ ခြင်ထောင်အနီးကိုနောက် ကျောကြီးနဲ့ထိသည်အထိကပ်လာလေသည်..။
အိရှောင်အမ်းလှုပ်မရတော့တဲ့အပြင်အော်သံပါမထွက်တော့ပဲ မျက်လုံးကြီးပြူးပြီး ကြည့်နေရ၏
ခြင်ထောင်ပေါက်လုမတတ်တိုးလာပြီးမှ ခေါင်းကြီးကတဖြည်းဖြည်းကြောကုန်းဖက်လည်လာတော့သည်။
"ဂျွတ် ဂျွတ် ဂျွတ် ဂျွတ်"လှည့်လာတဲ့ခေါင်းကြီးနဲ့အတူ အရိုးကျိုးသံတို့ကနားနဲ့ဆတ်ဆတ်ကြားနေရသည်။
နောက်ဆုံး အိရှောက်အမ်းဖက်ကို မျက်နှာကြီးအတည့်ရောက်လာတော့ အဆီတဝင်းဝင်းနဲ့ပြာတက်နေတဲ့မျက်ခွက်ကြီးမှာရှိတဲ့ပါးစပ်ပေါက်လိုအရာမျိုးကနေအသံတချို့ထွက်လာသည်။
"တရုတ် ကြီး ဂူရွှေးချင်တယ်"
"အား မီလူး မိအောင်လှိုင် မီလူး မိအောင်လှိုင်"အိရှောင်အမ်းတယောက်ငယ်သံပါအောင်အော်ရင်း လောကကြီးနဲ့အဆက်ပြတ်သွားတော့သည်။
မနက်လင်းအားကြီးချိန်ဗိုလ်ချုပ်ကင်မရွမ်းမဲကြီးရောက်လာချိန်မှာတော့ အိရှောင်အမ်းကိုမတွေ့တော့ မနက်အစောဆုံးလေယာဥ်နဲ့တရုတ်နိုင်ငံသို့ပြန်သွားပြီလို့သာသိလိုက်ရတော့သည်။
ပြီးပါပြီ
....kalyar....