ရန်ကုန်မြို့အနီးနားက
ညအိပ်တည်းလို့ရတဲ့နေရာ☘️
Day Tripသွားလို့အဆင်ပြေတဲ့နေရာ🍀
ရန်ကုန်-ပဲခူးလမ်းမပေါ်က
သီးသန့်ကမ္ဘာငယ်လေးဆီသို့🍃
☘️အခုနေရာလေးက Breeze Garden သဘာဝ အလှတရားကို ကြိုက်တတ်နှစ်သက်တဲ့သူတွေ Trekking ပြုလုပ်ရတာကြိုက်တဲ့သူတွေမိသားစုနဲ့အေးဆေးလာချင်တဲ့သူတွေသူငယ်ချင်းတွေစုပြီးလာချင်တဲ့သူတွေအတွက်အရမ်းအဆင်ပြေတဲ့နေရာလေးတစ်ခုပါ☘️
☘️သစ်ပင်ဝါးရိပ်လေးတွေ သစ်ပင်စိမ်းစိမ်းစိုစို တောအုပ်အုပ်ဆိုင်းဆိုင်းလေးနေရာလေး
🏊‍♂️ရေကူးကန်လဲရှိတော့ ရေကြိုက်တဲ့သူတွေအတွက်ကွက်တိပဲပေါ့
ခရီးအဝေးကြီးတွေမသွားချင်ဘူးရန်ကုန်မြို့နီးနီးနားနားလောက်ပဲသွားချင်တဲ့သူတွေအတွက်ဆိုbreeze garden ကိုသွားလည်ကြည့်ပါ☘️
📍လိပ်စာ📍
🚎လိုင်းကားနဲ့သွားချင်တဲ့သူတွေအတွက် (ကမ္ဘာကျော်,ထာဝရ)အဲ့ကားတွေစီးပြီး ခြံတရားမှတ်တိုင်မှာဆင်းပြီး ကားလမ်းကူးလိုက်တာနဲ့ဓမ္မဒူတဆိုတဲ့မုဒ်ဦးလမ်းထိပ်မှာလဲဆိုက်ကယ်ဌားစီးလို့ရပါတယ်။မုဒ်ဦးလမ်းထဲဝင်သွားလိုက်တာနဲ့ လမ်းညွှန့်ဆိုင်းဘုတ်လေးတွေပြထားတဲ့အတိုင်းလာလိုက်ယုံပါပဲ☘️
🚗ရန်ကုန်ဘက်က လာရင် ၁၀ မိုင်ကုန်း ၊ ဘူးလယ့်အင်းရွာ ၊ အင်းတကော်အကျော် ၊ ဓမ္မဒူတ တက္ကသိုလ်ရှေ့ လမ်း က ဆိုင်းဘုတ်အတိုင်း ဝင်လာလို့ရပါသည် ။
🚙ပဲခူးဘက်က လာရင် ဟန်သာ ဂေါက်ကွင်း အကျော် ၊ ဓမ္မဒူတ မုဒ်ဦး လမ်း ထဲ တည့်တည့်ဝင် ပြီး ၊ ဓမ္မဒူတ တက္ကသိုလ်ရှေ့ လမ်းက ဆိုင်းဘုတ်အတိုင်း ဝင်လာလို့ရပါသည်
🚘Bus ကား နဲ့လာရင် ဓမ္မဒူတ တက္ကသိုလ် (သို့) ဆယ်မိုင်ကုန်းဆင်း ခြံတရာလည်ပေါက် ဂိတ် လို့လည်း သိကြပါသည် အဲ့မှာ ဆင်းပြီး တည့်တည့် ဝင်လာလို့ရပါသည်။
🔺ဒီနေရာလေးက ရန်ကုန် ပဲခူးလမ်းမပေါ ရွှေပြည် Resort အကျော် ဆယ်မိုင်ကုန်းအဆင်း၊ အင်းတကော် ၊ ဘူးလယ့်အင်းမှာ တည်ရှိပြီး ရန်ကုန်မြို့က နေ တစ်နာရီ လောက် မောင်းလိုက်တာနဲ့ အပင်တွေ နဲ့ စိမ်းစိမ်းစိုစိုလေး ဖြစ်နေတယ့် သီးသန့်ကမ္ဘာငယ်လေးတခုပေါ့နော်☘️

image