1 ပတ် - ဘာသာပြန်ပါ။

ပါဝင်ပစ္စည်းများ

ဝက်သုံးထပ်သား – (၅၀၀ ဂရမ်)
ကြက်သွန်နီ – ၁ လုံး (အကြီး)
ကြက်သွန်ဖြူ – ၇မြွှာ (အကြီး)
ချင်း – လက်တစ်ဆစ်
ကရဝေးရွက် ၊သစ်ဂျပိုး

ဆီ – ထမင်းစားဇွန်း ၄ ဇွန်း
ဆား – အနည်းငယ်
ပဲငံပြာရည်အကြည် – လက်ဖက်ရည်ဇွန်း ၁ ဇွန်းပဲငံပြာရည်အနောက် – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
သကြားညို – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ငံပြာရည် – လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း
၁။ ဝက်သားကို လေးထောင့်ကျကျ၊ အတုံးညီညီ အရွယ်ကြီးကြီး တုံးထားပါတယ်။ ပဲငံပြာရည်အနောက်၊ ပဲငံပြာရည်အကြည်၊ သကြားညို၊ ဆား၊ ငံပြာရည်တို့ဖြင့် နယ်နှပ်ပြီး ၁နာရီလောက် ထား ရထားပါတယ်။
၂။ ဆီကို အပူပေးပါတယ်၊ ဆီပူလာလျှင် ထောင်းထားတဲ့ ကြက်သွန်ဖြူ/နီ၊ ချင်းတို့ကို ဆီသပ်ပါတယ်။ ကြက်သွန်များ နွမ်းလာရင် ကရဝေးရွက် ၊သစ်ဂျပိုးခေါက်ထည့်မွှေပါတယ်၊ ပြီးတာနဲ့ ဝက်သားတုံးများထည့်ပြီး နှံ့အောင် မွှေပါတယ်။
၃။ ဝက်သားတုံးများ အပေါ်အသားတင်းလျှင် ဝက်သားတုံး မြုပ်ရုံ ရေထည့်ပြီး တည်ပါတယ်။
၄။ ဝက်သားနူးပြီး ဆီပြန်လာလျှင် အရသာမြည်း၊ အညာအလှူတွေမှာလို့ Platingချပြီး ချဉ်ရည်ဟင်း၊ငပိကြော်၊ငရုတ်သီးတောင့်ကြော်၊ ပဲတီချဉ်သုပ်လေးနဲ့ တွဲဖက်ပြီး ထမင်းမြိန်မြိန် သုံးဆောင်လိုက်ပါတယ်ရှင်။

image