ပဲပင်ပေါက်သုပ်
အခုလိုရာသီဥတုမှာ အသုပ်တွေအရမ်းကြိုက်တဲ့ချစ်ကာကာတို့အတွက်လုပ်စားရလွယ်ကူအောင်တင်ပေးလိုက်ပြီနော်
ပဲပင်ပေါက်အသုပ်တွင်ပါဝင်သောပစ္စည်းများ
(၁)ပဲပင်ပေါက်(၁၂၀)g တွင်
(၂)ကြက်သွန်နီ (၁.၅)မြန်မာလို တစ်လုံးနှင့်တခြမ်း
(၃)ဆား
(၄)အချိုမုန့် (သို့မဟုတ်)အရသာမှုန့်
(၅)ငံပြာရည်ပါးပါး
(၆)ကြက်သွန်ဖြူ ဆီချက်ထားပါ။
(၇)ပုဇွန်ခြောက် အနဲငယ်ထောင်းပေးထားပါ။
(၈)ငရုပ်သီးအမုန့် နဂါးမောက်ဇွန်းတစ်ဝက်ခန့်
(၉)မြေပဲမုန့် နဂါးမောက်ဇွန်း တစ်ဇွန်းခန့်
(၁၀)နံနက်ပင်
(၁၁)သံပုရာသီး နှစ်စိတ်(လိုအပ်စလိုမြည်းပြီးထည့်ပါ)စသည့်တို့ပါဝင်ပါသည်။
(၁၂)ငရုပ်သီးအစိမ်း(၅)ထောင့်
ပဲပင်ပေါက်သုပ်နည်း
ပဲပင်ပေါက်ကိုရေဆူဆူတွင်(၄)မိနစ်ခန့် ပြုတ်ပြီးရေအေးထည့်ထားသောဇလုံထဲသို့ ထည့်ပြီးအအေးခံထားပေးပါ။
ကြက်သွန်နီကို ပါးပါးလှီးကာ ရေစစ်ထားပေးပါ။
ပါးပါးလှီးထားသောပဲ‌ပင်ပေါက်ကို
ကြက်သွန်နီ၊ နံနက်ပင်၊ငရုပ်သီးအစိမ်း၊ဆား၊အချိုမှုန့်၊ငံပြာရည်၊ကြက်သွန်ဖြူ၊ပုဇွန်ခြောက်ထောင်း၊မြေပဲလှော်ထောင်း၊ငရုပ်သီးအမှုန့်၊သံပုရာသီးကိုညှစ်ထည့်ကာ သမအောင်ရော‌မွှေပြီး အရသာရှိလှစွာသောပဲပင်ပေါက်သုတ်လေးကိုစားသုံးနိင်ပါပြီခင်ဗျာ။

image