1 ပတ် - ဘာသာပြန်ပါ။

🍀ကံဆိုးနေတယ်ထင်တဲ့ ကိုယ့်စိတ်ကို ဘယ်လိုပြောင်းရမလဲ 🍀
ကံဆိုတာက လုံးဝကြီး ပြောင်းလဲပြစ်လို့ ရတာမျိုးမဟုတ်ပေမယ့် တစ်ခါတစ်လေကျ ကိုယ်ကံကောင်းတယ် ၊ကံဆိုးတယ်ဆိုတာက ကိုယ့်ရဲ့ အတွေးတွေ၊ စိတ်တွေနဲ့လည်း ဆိုင်နေပါသေးတယ် 💫
ကိုယ်က ကံမကောင်းဘူး၊ အဆိုးတေများနေတယ်လို့ ခံစားနေရရင် စိတ်ခံစားချက်လေးကို အလစ်တဲလေး ပြန်ပြင်လို့ရတဲ့ နည်းလမ်းတွေ ရှိပါတယ် 🍀
⚡ကိုယ့်အတွေးတွေကို ပြောင်းပါ။ ကိုယ်က အဆိုးဘက်ကိုပဲ တွေးနေရင် အဆိုးတွေဖြစ်နေတာကိုပဲ မြင်မှာပါ😞
အဆိုးတွေကြားထဲက ကိုယ့်ကံကောင်းမှုကို ပြန်တွေးပါ။ ဥပမာ... ဖန်ခွက်ကျကွဲသွားတာကို တသသဖြစ်နေတာထက် လူမခိုင်းမိတာပေါ့ဆိုတာမျိုး အကောင်းဘက်ကနေလည်း လှည့်မြင်ကြည့်ပါ 🥰🥰
🌿 ကံကောင်းမနေဘူးလို့ စိတ်က ခံစားနေရရင် ကိုယ့်အခန်း သို့မဟုတ် ကိုယ့်ပတ်ဝန်းကျင်ကို ရှင်းလင်းပါ
တစ်ခါတစ်လေကျ မြင်နေကျပုံစံ၊ ရှုပ်ထွေးနေတာတွေက ကိုယ့်စိတ်ကို ထုံထိုင်းစေတတ်တာမလို့ ပုံစံသစ်ပြောင်းလိုက်ရင် ကိုယ့်စိတ်လည်း အပြောင်းအလဲ ဖြစ်သွားပါလိမ့်မယ် 💅
💖နောက်ဆုံးတစ်ခုကတော့ အသိအမှတ်ပြုဖို့ မမေ့ဖို့ပါပဲ
တကယ်တော့ ကိုယ်ဘယ်လောက်ကံဆိုးနေတယ်တွေးတွေး ကိုယ့်ထက် အခြေအနေဆိုး‌တဲ့လူတွေအများကြီးပါ 💁
ဆိုတော့ ကိုယ့်မှာရှိနေပြီးသား ပိုင်ဆိုင်ခွင့်ရပြီးသားအရာတွေအတွက် အသိအမှတ်ပြုပါ 🙆