နေ့တိုင်း ဖုန်းတွေ မပြောပဲ
နေကြရအောင် ...
စာတွေ မပို့ပဲ
နေကြရအောင် တဲ့ ...
ဘာလို့လဲ မေးတဲ့အခါ
ဒီရက်တွေထဲ
စိတ်ကော လူကော ပင်ပန်းရတာမို့
ခဏလောက်ဖြစ်ဖြစ်
တစ်ယောက်တည်း နေချင်လို့ပါ တဲ့ ...
အချိန်ဘယ်လောက်ထိလဲလို့
မမေးဖြစ်ခဲ့ဘူး
ပြီးတော့ ကျွန်တော်ရှိနေခြင်းက
အနှောင့်အယှက်ဖြစ်လို့လားလို့လဲ
အထွန့်မတက်ခဲ့ဘူး
သူ ...
အဆင်ပြေသွားတဲ့အခါ
ကျွန်တော့်ကို ပြန်ဆက်သွယ်လာမှာဆိုတဲ့ ယုံကြည်ချက်နဲ့ပဲ
ပြောသမျှကို လိုက်လုပ်ပေးခဲ့မိတာ ။
တစ်ယောက်တည်း နေချင်လို့ပါဆိုတဲ့
စကားနဲ့
တစ်သက်လုံး ချန်ထားခဲ့လိမ့်မယ်လို့တော့
ဘယ်ထင်ပါ့မလဲ ။
တဖြေးဖြေး နေနိုင်တဲ့အထိ
ပစ်ထားပြီးမှ
တစ်သက်လုံး ပစ်သွားဖို့
ရွေးခဲ့တယ် ထင်ပါတယ် ။