7 w - Translate

Nothing Phone 3 က အရမ်းကောင်းပါတယ် စိတ်ပျက်ဖို့ ဆိုတဲ့ သူကများလိမ့်မယ်
ဘာမှန်းကိုမသိတဲ့ အချက်က Nothing Phone 3 ရဲ့ Design ပဲ ကင်မရာတွေ ဟိုရောက် ဒီရောက် ဖြစ်နေတာက OCD သမားတွေဆို တိုင်ပတ်နေမှာ
တိုးတက်လာတဲ့ အပိုင်းတွေရှိတယ် Snapdragon 8s Gen 4 ကိုသုံးလာတယ် ကျောဘက်မှာ 50MP Camera သုံးလုံးပါမယ် Periscope Camera ပါဦးမယ်
Nothing ရဲ့ Signature ဖြစ်တဲ့ Glyph Interface ကိုဖြုတ်လိုက်ပြီ Glyph Matrix ဆိုတဲ့ MicroLED 489 ခုပါတဲ့ခပ်ဝိုင်းဝိုင်း Mini Display ကိုထည့်ပေးလာတယ် ဒီ Display ပေါ်မှာက စိတ်ကြိုက် စာတွေ Design တွေ ရေးလို့ရမယ်
တခြား သိသိသာသာ တိုးတက်လာတဲ့ အပိုင်းတွေဆိုရင် IP68 Rating ရလာမယ်
Software Update ပို 5 နှစ်အထိ အာမခံထားမယ် စတဲ့ အချက်တွေရှိမယ်
Battery မှာလဲ SI/C Silicon Carbon Battery 5150 mAh ကိုသုံးပေးလာပြီး 65W Fast Charging / 15W Wireless Charging လိုတွေ ပါလာမယ်
Display ကတော့ $800 တန် ဖုန်းတစ်လုံး အနေနဲ့ မျက်နှာမငယ်ရမယ့် 120Hz OLED Display ကို 6.67-inch မျက်နှာပြင်နဲ့ တွဲသုံးပေးထားတယ်

image