“  ဘဝမှာ ဖြစ်ချင်တဲ့အရာဟာ 
   ဖြစ်ချင်တဲ့ အချိန်မှာ ဖြစ်လာရင်  
   အလွန် ပျော်စရာကောင်းတတ်ပေမယ့် 
   ဖြစ်ချင်တဲ့ အရာပဲ  
   ဖြစ်ချင်တဲ့ အချိန်ထက်  
   နောက်ကျပြီး ဖြစ်လာခဲ့ရင် 
   အဖြေဟာ တစ်မျိုးပြောင်းလဲ 
   သွားတတ်တယ် ။ ” 
ရန်ကုန်တက္ကသိုလ် ကျောင်းသားတစ်ဦးရဲ့ အချစ်ခံစားမှုတွေကို အရေးသွက်သွက်နဲ့ ချစ်စရာကောင်းအောင် ရေးသားထားတဲ့ အချစ်ဝတ္ထုတစ်ပုဒ် . . .  
ဒီဝတ္ထုက ဆရာနွမ်ဂျာသိုင်းရဲ့ ပထမဦးဆုံး ရေးသားခဲ့တဲ့ ဝတ္ထုတစ်ပုဒ် ဖြစ်ပါတယ် ။ ဝတ္ထုရှည်ချည်း သီသန့်ထုတ်ဝေခဲ့တာတော့ အခုအကြိမ်နဲ့ဆို ပဉ္စမအကြိမ် ရှိပါပြီ ။ အင်္ဂလိပ်ဘာသာပြန်နဲ့ တွဲဖက်ထုတ်ဝေတာကတော့ ဒုတိယအကြိမ် ဖြစ်ပါတယ် ။ အင်္ဂလိပ်ဘာသာကိုတော့ ဆရာပေါ်ထင်က ဘာသာပြန်ပေးထားပါတယ် ။ ဒီမြန်မာ အင်္ဂလိပ် နှစ်ဘာသာစာအုပ်ကို ပထမအကြိမ်အဖြစ် ၁၉၈၄ ခုနှစ် ဇွန်လမှာ ရွှေသမင်စာပေကနေ ထုတ်ဝေခဲ့တာ ဖြစ်ပါတယ် ။ အခုဆိုရင် နှစ်ပေါင်း ၃၉ နှစ် ရှိပါပြီ ။ 
ဒီဝတ္ထုက ရန်ကုန်တက္ကသိုလ်ကို နောက်ခံပြုထားတဲ့ အချစ်ဝတ္ထု တစ်ပုဒ်လို့ ဆိုရပါမယ် ။ စာမတတ်သူ ပပျောက်ရေး လှုပ်ရှားမှုဖြစ်တဲ့ * အ * သုံးလုံး လုပ်အားပေးမှာ တက်တက်ကြွကြွ ပါဝင်ပေးတဲ့ ရန်ကုန်တက္ကသိုလ် ကျောင်းသားတစ်ဦးရဲ့ အချစ်ခံစားမှုတွေကို အရေးသွက်သွက်နဲ့ ချစ်စရာကောင်းအောင် ရေးသားထားတဲ့ အချစ်ဝတ္ထုတစ်ပုဒ် ဖြစ်ပါတယ် ။ 
#အချစ်ဆုံးသူရဲ့အတ္ထုပ္ပတ္တိ  
#နွမ်ဂျာသိုင်း