ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်မှု လုပ်တော့မယ်ဆို အရင်ဆုံး အလုပ်တွေ ဆိုရှယ်မီဒီယာတွေ အကုန်ရပ်လိုက်ပါ ။  
ဖြစ်နိုင်ရင် တိတ်ဆိတ်တဲ့ နေရာတစ်ခုကို သွားပါ ။  
ကိုယ့်အိမ်ရဲ့ ထောင့်လေးဖြစ်ဖြစ် ၊ ဘုရားစင်ရှေ့ဖြစ်ဖြစ် ၊ စာအုပ်နဲ့ ယူသွားရင်လည်း ပိုကောင်းပါတယ် ။  
သက်တောင့်သက်သာဖြစ်အောင် ထိုင်ပါ ။ အသက်ကို ဖြည်းဖြည်းလေး ရှူသွင်း၊ ရှူထုတ် လုပ်ပါ ။ သတိကို တတ်နိုင်သမျှ ကိုယ့်ရဲ့နှာသီးဖျားမှာပဲ ရှိနေအောင် ထားပါ ။ အဲ့လို မိနစ်အနည်းငယ်လောက် လုပ်ပြီးလို့ စိတ်တွေအေးချမ်းသွားပြီဆိုတဲ့အခါမှ ကိုယ့်ကိုယ်ကိုယ် မေးကြည့်ပါ ။ 
၁။ ကိုယ့်ဘဝမှာ ဘယ်အရာကို ပိုတန်ဖိုးထားတာလဲ ။  
၂။ ဘယ်လိုအခြေအနေတွေမှာ ကိုယ်ဟာ တကယ် ပျော်ရွှင်ရမှာလဲ ။  
၃။ ကိုယ့်ကို တွေဝေသွားစေတဲ့ အနှောင့်အယှက်တွေက ဘာတွေလဲ ။ ခေါင်းထဲ ပေါ်လာသမျှ အဖြေတွေကို စာအုပ်ထဲ ချရေးပါ ။ အဲ့လိုက နေမှ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး မြင်လာပါလိမ့်မယ် ။ Emotional တအားဖြစ် လွန်းလာခြင်းက မကြည်တဲ့ မှန်တစ်ချပ်ရှေ့မှာ ရပ်နေရသလိုပဲ ။ ကိုယ့်ကိုယ်ကိုယ် သေချာမမြင်နိုင်အောင် လုပ်ထားတယ် ။ ဒါကြောင့်လည်း ကိုယ့်ခံစားချက်တွေကို အဆင်ပြေအောင် ထားနိုင်ဖို့ဟာ သိပ်အရေးကြီးတာပါ ။ ဆိုတော့ စိတ်ငြိမ်အောင် အဲ့လိုလေး အရင်လုပ်ကြည့်ပါ ။ ပြီးမှ ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ပါ ။ 
ကိုယ့်ရဲ့ တန်ဖိုးထားမှုတွေကို ပိုပြီး ရှင်းရှင်းလင်းလင်း မြင်လာတဲ့အခါ ရွေးချယ်မှုတွေကိုလည်း သေချာလုပ်နိုင်လာပါလိမ့်မယ် ။ အဲဒီ ၂ ခုရဲ့ ထပ်တူကျမှုကနေတစ်ဆင့် ရလာတဲ့ ပျော်ရွှင်မှု ၊ ကျေနပ်မှု ၊ ကိုယ့်ကိုယ်ကိုယ် လေးစားမှုတွေကိုလည်း ပိုပြီး ပြည့်ပြည့်၀၀ ခံစားရပါလိမ့်မယ် ။ 
#ဒေါက်တာဖြိုးသီဟ #minimalism