7 w - Translate

#ယနေ့ထုတ်သတင်းစာ_သတင်း
◼ ထိုင်းနိုင်ငံတွင် ဇွန်လအတွင် မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမား ၃၇၀ ထက်မနည်း ဖမ်းဆီးခံရ
ထိုင်းနိုင်ငံတွင် ယခုနှစ် ဇွန်လအတွင်း မြန်မာနိုင်ငံသားရွှေ့ပြောင်းအလုပ်သမား ၃၇ဝ ထက်မနည်း ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။
၂ဝ၂၄ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၂ဝ၂၅ ခုနှစ်ဇွန် ၁၃ ရက်အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လုံးဝတားမြစ်ထားသော အလုပ်အကိုင်များအောက်တွင် နိုင်ငံခြားသား အလုပ်သမား ၄၄၃၇ ဦးကို စစ်ဆေးခဲ့ပြီး ၄၁၇ ဦးကို တရားမဝင်အလုပ်လုပ်ကိုင်နေသည်ကို တွေ့ရှိခဲ့သည့်အတွက်ဥပဒေအရ အရေးယူခဲ့ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်သည်။
အများဆုံးပြစ်မှုများမှာ လမ်းဘေးဈေးသည်များအဖြစ် လုပ်ကိုင်ခြင်း၊ ဆံသသမား၊ အလှပြင်ဆရာများ၊ အလှပြင်ဆရာများ၊ ထိုင်းရိုးရာနှိပ်နယ်သူများ၊ စာရေးများ၊ အတွင် ရေးမှူးများနှင့် ယာဉ်မောင်းများဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနမှ သိရသည်။
မဲဆောက်မြို့နယ်တွင် သုံးဘီးဆိုင်ကယ်မောင်းသည့် မြန်မာနိုင်ငံသား များ၊ ဆံပင်ညှပ်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ ကုန်စုံဆိုင်များ အပါအဝင် ဆိုင်ပေါင်း ၁ဝဝ ကျော်၌ အလုပ်လုပ်ကိုင်နေသူများကို စစ်ဆေးအရေးယူခဲ့ကြောင်း ထိုင်းအစိုးရ CCTV ထိန်းချုပ်ရေးဌာနက ဇွန် ၂ဝ ရက်၌ ထုတ်ပြန်ခဲ့သည်။
ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသားများ အများဆုံးအဖမ်းခံရသည့် ပြစ်မှုမှာ နယ်စပ်မှတစ်ဆင့် ထိုင်းနိုင်ငံသို့ တရားမဝင် အလုပ်လုပ်ကိုင်ရန် ဝင်ရောက်ခြင်းဖြစ်ပြီး ဇွန်လအတွင်းတွင် ထိုင်း-မြန်မာနယ်စပ် ကန်ချနာဘူရီမှ ဝင်ရောက်သည့် မြန်မာနိုင်ငံသား ၁၄၇ ဦးကို ထိုင်းနယ်ခြားစောင့်တပ်များက ဖမ်းဆီးခဲ့သည်။
အလားတူ နယ်စပ်မှတစ်ဆင့် ထိုင်းနိုင်ငံသို့တရားမဝင် ဝင်ရောက်သည့် မြန်မာနိုင်ငံသားများကို ထိုင်းရဲတပ်ဖွဲ့က ဖုတ်ဖရာဒေသတွင် ၁၁ ဦး၊ ချွန်ဖွန်ဒေသတွင် ၂၆ ဦးနှင့် နွန်ထဘူရီဒေသတွင် ၁၅ ဦး ဖမ်းဆီးခံခဲ့ရပြီး ဇွန် ၂၆ ရက် နံနက်အစောပိုင်းကလည်း ထိုင်းနိုင်ငံ ချန်းဖွန်မြို့အနီး ဖက်ကာဆမ်လမ်းမကြီး တွင်သွားလာနေသည့်ခရီးသည်တင်ဘတ်စကားတစ်စီးပေါ်၌ တရားမဝင်လိုက် ပါလာသည့် မြန်မာနိုင်ငံသား ၄၇ ဦးအား ချန်းဖွန်(Chumphon) အမြန်လမ်း ရဲတပ်ဖွဲ့က ဖမ်းမိခဲ့သည်။
ထို့ပြင် တရားမဝင်အလုပ်လုပ်ကိုင်ခြင်း၊ အထောက်အထား မပြည့်စုံဘဲ အလုပ်လုပ်ကိုင်ခြင်း၊ လုပ်ငန်းပြောင်းသည့် သတင်းမပို့ခြင်းစသည်များနှင့်ပတ် သက်ပြီး အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများကို ဗန်ကောက်တွင် ခုနစ်ဦး၊ ချင်းမိုင်တွင် နှစ်ဦး၊ ကိုဖန်ငန်တွင် နှစ်ဦး၊ အယုဒ္ဓယတွင်ငါးဦး၊ မဲဆောက် တွင် နှစ်ဦးနှင့် မယ်ဆိုင်တွင် နှစ်ဦးအသီးသီး ဖမ်းဆီးခြင်းခံခဲ့ရသည်။

image