7 ပတ် - ဘာသာပြန်ပါ။

“လူတွေဟာ လူတွေကို ဂရုမစိုက်ဘဲ မနေနိုင်ပါဘူး”
ဒီရုပ်ရှင်လေးမကြည့်ခင် ကိုယ်ကပါ စိတ်ဓာတ်ကျစရာတစ်ခုခုနဲ့ ကြုံနေရတယ်ဆိုရင်တော့ မကြည့်သေးဘဲ သိမ်းထားစေလိုပါတယ်။အကြောင်းကတော့ ဒီရုပ်ရှင်ဟာလည်း ပေါင် ၆၀၀ ရှိတဲ့ လူဝါကြီး တစ်ယောက်ရဲ့ အသည်းကို ပက်ပက်စက်စက် နင်းခြေသွားမယ့် ရုပ်ရှင်တစ်ခုဖြစ်နေလို့ပါ။oscar လည်း ရရှိထားပြီး IMDb မှာလည်း 7.9 အထိကို ရရှိထားတဲ့ ရုပ်ရှင်ကောင်းလေးတစ်ခုဖြစ်တာမလို့ ဇာတ်ညွှန်းလေးကိုတင်ဆက်ပေးချင်ပါတယ်။
ဇာတ်လမ်းကတော့ မီဘ နှင့် သားသမီး ၊ သူငယ်ချင်း နှစ်ယောက်ရဲ့ မေတ္တာ ဒါတွေကို လှလှပပ ရောယှက်ပြီး ရင်နင့်နေအောင်ကြည့်ရှုရမယ့်ဇာတ်လမ်းလေးဖြစ်ပါတယ်။ပေါင် ၆၀၀ လောက်ရှိတဲ့ လူ၀ကြီးမှာ ဇနီးဟောင်းတစ်ယောက် ၊ သမီးတစ်ယောက် နှင့် သူငယ်ချင်းတစ်ယောက်ရှိပါတယ်။ဒီလို ပေါင် ၆၀၀ ရှိတဲ့ လူဝကြီးမှာအရေပြားရောဂါတွေက ‌မျိုးစုံနေပါတယ်။ဒါကြောင့်ပဲ လူ၀ ကြီးရဲ့ ဘ၀က နေ့ရက်တွေကို လက်ချိုးရေရင်း သေမယ့်နေ့ကို ထိုင်စောင့်နေရတဲ့ လူတစ်ယောက်အလားပါပဲ။လူ၀ ကြီးက အွန်လိုင်းကနေ အင်္ဂလိပ်စာ သင်ပါတယ်။သူက အင်္ဂလိပ်စာ ကိုချစ်တာမလို့ အက်ဆေးတွေလည်း မြတ်နိုးတဲ့လူတစ်ယောက်ဖြစ်ပါတယ်။ဒီရုပ်ရှင်ထဲမှာလည်း သူသိပ်ကြိုက်ပြီး လှပတဲ့ အက်ဆေးတစ်ပုဒ်ပါပါသေးတယ်။ပြီးတော့ လူ၀ကြီးက သူမသေခင်မှန်တာတစ်ခုခုတော့ လုပ်သွားခဲ့တဲ့သူပါ။ဒီလိုနဲ့ပဲ ကျွန်တော်တို့အနေနဲ့ ပေါင် ၆၀၀ လူ၀ကြီးရဲ့ ဇာတ်လမ်းမှာ တစ်ထောင့်တစ်နေရာကနေ ခံစားရင်း ရက်စက်တဲ့ဇာတ်လမ်းတစ်ပုဒ်ကို ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။
ပြဇာတ်ကနေ ရုပ်ရှင်‌အဖြစ် ပြန်လည်း အသက်သွင်းထားတဲ့အတွက် dialogue အများကြီး နှင့် ပြဇာတ်အငွေ့အသက်ကိုပါ ခံစားကစေရမှာဖြစ်ပါတယ်။သရုပ်ဆောင် Brendan Fraser အနေနဲ့လည်း သူ့ဘ၀ ရဲ့အကောင်းဆုံး ရုပ်ရှင်တစ်ခုဖြစ်ခဲ့တာမလို့ ၂၀၂၂ ကထွက်ရှိခဲ့တဲ့ အော်စကာရုပ်ရှင် "The Whale" ကို ကြည့်ရှုခံစားကြဖို့ တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ။

image