#ငါးနီတူခရမ်းချဉ်သီးအစပ်ချက်
ခရမ်းချဉ်သီးနဲ့ကြက်သွန်နီပါးပါးလှီးထားပါ။ ငါးနီတူခြောက်ကိုရေဆေးပြီး ဒယ်အိုးထဲအပူပေး ၂မိနစ်ခန့် ပြန်လှော်ထားပါ။ လှီးထားသောကြက်သွန်နီကိုဆီသပ်ပါ။ ငရုတ်စိမ်းမှုန့် နှင့် ငံပြာရည်အနည်းငယ်ထည့်ပြီး အနံ့မွှေးလာသည်အထိ ဆီသပ်ပေးပါ။ ခရမ်းချဉ်သီးနှင့်ငရုတ်သီးစိမ်းထည့်ပြီး အဖုံးအုပ် ခရမ်းချဉ်သီးနွမ်းကြေသည်အထိတည်ထားပေးပါ။ ပြီးမှ ငါးနီတူခြောက် ဆား အရသာမှုန့် ထည့်ပြီး အရည်ခမ်း ဆီပြန်သည်အထိချက်ပါ။
#မိသားစု Online Cooking Foodstuff မှဖော်ပြပေးခြင်းဖြစ်ပါသည်။
