မင်းဟာမင်း ထင်ချင်သလို ထင်တဲ့ ... 
နည်းနည်းလေး ရှင်းပြပေးခဲ့ရင် 
ဘာကိုမှ အထွန့်မတက်ပဲ 
တိတ်ဆိတ်နေပေးနိုင်တဲ့အထိ 
ကိုယ်က မင်းကို ချစ်ပြီးသားပါ ... 
တစ်ခါတစ်လေမှာ 
အမှန်တရားကို မသိလို့ 
မေးခွန်းတွေ တဖွဖွ မေးနေတာမျိုး 
မဟုတ်ဘူး .. 
လူတစ်ယောက်ရဲ့ နှုတ်ခမ်းက 
မဟုတ်ပါဘူး ဆိုတဲ့ အဖြေကို ကြားချင်လို့ 
မေးနေမိတဲ့ 
မေးခွန်းတွေဆိုတာရှိတယ် ... 
ပွစိပွစိ လုပ်နေတာ မဟုတ်ပါဘူး 
ကိုယ်က ... 
မင်းစကားမှာပဲ 
လမ်းဆုံးချင်တဲ့သူမို့ 
ကိုယ်သိထားတဲ့ အမှန်တရားကို 
မဟုတ်ပါဘူးဆိုပြီး 
မင်း ငြင်းတာလေး 
လိုချင်ခဲ့ရုံပါ ။ 
#ကျေးကို