7 ပတ် - ဘာသာပြန်ပါ။

စစ်ကိုင်းနဲ့ကရင်ပြည်နယ်မှာ အီလက်ထရောနစ်မဲပေးစက်နဲ့လက်တွေ့စမ်းသပ်မဲပေး
*******************
(ပြည်တွင်း) ဇူလိုင် ၁
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နှင့် ကရင်ပြည်နယ်၊ ဘားအံမြို့တို့မှာ ဇွန်လ ၃၀ ရက်က အီလက်ထရော နစ်မဲပေးစက် MEVM နဲ လက်တွေ့စမ်းသပ်မဲပေးခြင်းနှင့် နည်းပြဆရာဖြစ်သင်တန်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ပြီး MEVM စက်ပိုင်း ဆိုင်ရာနှင့် မဲပေးစက်အသုံးပြုခြင်းနှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ကိုင်းတိုင်း ဒေသကြီးနှင့်ကရင်ပြည်နယ်က ဝန်ကြီးချုပ်နှင့် ဌာနဆိုင်ရာကဝန်ထမ်းများ နိုင်ငံရေးပါတီများက ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ပြီး လက်တွေ့စမ်းသပ်မဲပေးခြင်းနှင့် နည်းပြဆရာဖြစ်သင်တန်းကိုလည်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

လာမည်ရွေးကောက်ပွဲကို ယခုနှစ်ဒီဇင်ဘာလနှင့် ၂၀၂၆ ဇန်နဝါရီလတွင် ကျင်းပမည်ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်က အသိပေးထားကြောင်း သိရသည်။

image