Girl Missing (2015) 
============== 
 
ဘ၀ဆိုတာ တချိုအတွက်ပုံမှန်လေးစီးမျောနေတာ ဖြစ်နိုင်ပေမဲ့ 
တချိုအတွက်တော့ အကွေ့အကောက်များလွန်းပါတယ်။ မျှော်လင့် 
ချက်တွေပြည့်ပြီ ထင်ရပေမဲ့ မထင်မှတ်ဘဲ တစ်ဆစ်ချိုးပြောင်းလဲမှု 
မျိုးနဲ့ ရင်ဆိုင်လိုက်တာလည်း ဖြစ်တတ်ပါတယ်။ 
 
 
ဒီဇာတ်လမ်းထဲက သိတတ်တဲ့ကလေးအရွယ်မှာ ပျောက်ဆုံးသွားတဲ့ 
ကောင်မလေးတစ်ယောက်၊ ဖြစ်ချင်တော့ အတိတ်လည်းမေ့သွားခဲ့ပါတယ်။ 
မိဘဘယ်သူဘယ်ဝါ၊ သူ့ကိုယ်သူဘယ်သူမှန်းမသိတော့တာကြောင့် 
မိဘမဲ့ဂေဟာမှာ ဂျိန်းဆိုတဲ့နာမည်နဲ့ ဘ၀သစ်စခဲ့ပါတယ်။ အလုပ်အကိုင်နဲ့ 
အရွယ်ရောက်လာပြီးတဲ့အချိန်မှာ မိခင်ဆိုတဲ့သူ ပေါ်လာခဲ့ပါတယ်။ 
 
ဒီအန်အေအဖြေမထွက်သေးတာကလွဲရင် ဂျိန်းရဲ့ အမေဆိုတာသေချာသ 
လောက်ဖြစ်နေတဲ့ ဆေလ်ဗီယာဟာ ဂျိန်းကို အိမ်အလည်ခေါ်ခဲ့ပါတယ်။ 
ဆိတ်ငြိမ်ရာအရပ်က အဲဒီအိမ်ကြီးမှာ  ဂျိန်းဟာ အိမ်ထိန်းကြီးထရီဇာ၊ 
ဆေလ်ဗီယာရဲ့ဒုတိယခင်ပွန်းကာလိုတိုနဲ့ တွေ့ဆုံခဲ့ရပါတယ်။ ဘီလျံနာမုဆိုးမ 
မိခင်ရဲ့သမီးအဖြစ် ပျော်ရွှင်ရတော့မယ်ထင်ခဲ့တဲ့ ဂျိန်းတစ်ယောက် အိမ်ရောက်တဲ့ 
နောက်တစ်ရက်မှာပဲ ထူးဆန်းပြီး သံသယဖြစ်စရာတွေကြုံလာရပါတယ်။ 
 
အဲဒီစိတ်မသိုးသန့်စရာအဖြစ်တွေဟာ ဂျိန်းပျောက်ဆုံးပြီးအတိတ်မေ့သွားတဲ့ 
အဖြစ်၊ သူ့ဖခင်သေဆုံးတဲ့အဖြစ်တွေနဲ့ ဘယ်လိုဆက်စပ်နေမလဲဆိုတာကို 
သိုလောသိုလောနဲ့ ရင်တထိတ်ထိတ်ကြည့်ကြရမှာပါ။ ကြည့်ရင်းကြည့်ရင်းနဲ့ 
အဆုံးအထိကို စိတ်၀င်တစားဆွဲခေါ်သွားမယ့် ဇာတ်လမ်းမျိုးမို Mystery/ 
Thriller ကြိုက်တဲ့ ရုပ်ရှင်ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။