စရဘူရီမြိုက တစ်ရှူးစက်ရုံ မီးလောင် ၁၀ ဦးကျော် ပျောက်ဆုံးနေ
ထိုင်းနိုင်ငံ၊ စရဘူရီ (Saraburi) ခရိုင်၊ မူးအန် စရဘူရီ (Mueang Saraburi) မြို့မှာရှိတဲ့ တစ်ရှူးစက်ရုံတစ်ခုမှာ ဒီနေ့ ဇွန်လ ၃၀ ရက်နေ့ နေ့လယ်ပိုင်းက မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
မီးလောင်မှုကြောင့် အလုပ်သမား 22 ဦး ဒဏ်ရာရရှိခဲ့ပြီး လူ ၁၀ ဦးထက်မနည်း ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ သိရပါတယ်။

နေ့လယ် ၁ နာရီဝန်းကျင်လောက်မှာ စတင်ခဲ့တဲ့ မီးလောင်မှုကို မီးသတ်သမာတွေ ကယ်ဆယ်ရေးသမားတွေနဲ့ စေတနာ့ဝန်ထမ်းတွေဟာ မီးလောင်မှုကို နှစ်နာရီခန့်ကြာအောင် ကြိုးစားငြိမ်းသတ်ခဲ့ကြရပြီး လျင်မြန်စွာ ကူးစက်ခဲ့တာကြောင့် စက်ရုံအဆောက်အအုံရဲ့ အစိတ်အပိုင်းတော်တော်များများ ပျက်စီးခဲ့ရတယ်လို့လည်း သိရပါတယ်။စက်ရုံမီးလောင်မှုမှာ လူ ၂၂ ဦး ဒဏ်ရာရရှိခဲ့တဲ့တယ်လို့ မီးသတ်ဌာနက အတည်ပြုပြောကြားခဲ့ပြီး လေးဦးကတော့ ဒဏ်ရာပြင်းထန်ရရှိထားသလို စက်ရုံလုပ်သား ၁၀ ဦးခန့် ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ မီဒီယာတွေက ဖော်ပြပါတယ်။


ပျောက်ဆုံးနေသူတွေဟာ စက်ရုံရဲ့ ဒုတိယနဲ့ တတိယထပ်မှာ အလုပ်လုပ်နေတဲ့ အလုပ်သမားတွေဖြစ်ပြီး မီးလောင်ကျွမ်းချိန်မှာ မကယ်ထုတ်နိုင်ခဲ့ဘူးလို့ အခင်းဖြစ်ပွားရာကို တက်ရောက်ရှိလာတဲ့ စရဘူရီ အုပ်ချုပ်ရေးမှူး က ပြောပါတယ်။

အခင်းဖြစ်ပွားရာကို မီးသတ်ကား အစီး ၅၀ ကျော် ဖြန့်ကျက် ချထားခဲ့ပြီး နောက်ပိုင်းမှာ မီးထိန်းနိုင်ခဲ့သလို

ပျောက်ဆုံးနေသူတွေကို ရှာဖွေကယ်ဆယ်ရေးအဖွဲ့နှစ်ဖွဲ့က ရှာဖွေနေပေမယ့် အဆောက်အဦတချို့ ပြိုကျတာကြောင့် တချို့နေရာတွေကို မဝင်ရောက်နိုင်သေးဘူးလို့ သိရပါတယ်။

imageimage