18 ပတ် - ဘာသာပြန်ပါ။

ဟင်းနုနွယ် စိုက်ပျိုးနည်း
ဟင်းနုနွယ်သည် စိုက်ပျိုးရန်လွယ်ကူပြီးအကြမ်းခံသော ဟင်းရွက်ဖြစ်သည့်အပြင် အလွန်အကြီးမြန်သော ဗီတာမင်အေနှင့် သံဓါတ် ကြွယ်ဝသည့်ဟင်းရွက်ဖြစ်သည်။ မြန်မာအိမ်ရှင်မများအတွက် ချက်ပြုတ်ရာတွင် လွယ်ကူစေသောဟင်းရွက်ဖြစ်သည့်အတွက် ဟင်းနုနွယ်ကိုဟင်းရည်ချက်ခြင်း၊ သုပ်စားခြင်း၊ ကြော်စားခြင်းနည်း အမျိုးမျိုးဖြင့်စားသုံးတတ်ကြသည်။
မြေပြုပြင်ခြင်း
ဟင်းနုနွယ်ကိုမိုးတွင်းကာလတွင် ပို၍စိုက်ပျိုးကြသည်။အလွန်စေးသောမြေနှင့် သဲဆန်သောမြေမှအပမြေအမျိုးမျိုးတွင်စိုက်ပျိုးဖြစ်ထွန်းနိုင်သည်ဟင်းနုနွယ်မျိုးစေ့များကို သေချာစွာပြုပြင်ထားသောဘောင်ပေါ်တွင် ပါးပါးကျဲ၍တိုက်ရိုက်စိုက်ပျိုးနိုင်သည်။ စိုက်ဘောင်ကို ၃ ပေ အကျယ်ထား၍လိုသလောက်အလျားထားသင့်သည်။ ဘောင်မှာ ၄ လက်မအမြင့်ရှိသင့်ပြီး၊ နွားချေးမြေဆွေးတို့ဖြင့်ရောနယ်ပြီးပြင်ဆင်သင့်သည်။
စိုက်ပျိုးခြင်း
အရွယ်အစားအားဖြင့် (၃×၁၀)ပေရှိသောဘောင်တစ်ခုစာအတွက် မျိုးစေ့ထမင်းစားဇွန်းတစ်ဇွန်းကို နွားချေးမှုန့် နို့ဆီဗူး(၄)ဗူးစာဖြင့်ရော၍ ဘောင်ပေါ်တွင်ဖြူးပေးပါ။ ထို့နောက်ကောက်ရိုးမြက်ခြောက်ပါးပါးအုပ်၍ရေလောင်းပေးပါ။ မျိုးစေ့များကိုဘောင်ပေါ်တွင် (၆)လက်မခြား၍လည်း အတန်းလိုက်စိုက်ပျိုးနိုင်သည်။ ဘောင်များပေါ်တွင်လက်မဝက်အနက်မြောင်းများ ပြုလုပ်ပြီး၊နွားချေးမှုန့်ဖြင့်ရောနယ်ထားသော မျိုးစေ့များကိုစိုက်ပျိုးပါ။ စိုက်ပြီးကောက်ရိုး မြက်ခြောက်ပါးပါးဖုံး၍ ရေလောင်းပေးပါ။အတန်းလိုက် အစေ့ချထားသောအပင်များကို(၂၀-၄၀)ရက် သားရှိပါကခွဲ၍ပင်ကြား (၄×၆)လက်မထား၍ရွှေ့စိုက်နိုင်သည်။ ဘောင်ပေါ်တွင်စိုက်ထားသောအပင်များ(၁)လ သားတွင်နုတ်၍စားသုံးနိုင်သည်။
မျိုးစေ့ထုတ်ခြင်း
ဟင်းနုနွယ်ကိုပန်းမပွင့်မှီခူးစားပါက တစ်ပင်လုံးစားသုံးနိုင်သည်။ ဟင်းနုနွယ်သည် ပန်းပွင့်ချိန်တွင် ပင်စည်မာကျောကာ အမျှင်များလာသည်။ သီးသန့်ဘောင်များဖြင့်မျိုးစေ့ထုတ်ပါက မျိုးစေ့များစွာရနိုင်သည်။ မပင်အောက်ပိုင်းမှအပွင့်များကိုစတင်ခူးပြီးနေလှမ်းပါ။အလွန်မာကြောသေးငယ်သော အနက်စေ့များကို အမှိုက်များဖယ်ထုတ် ၍ လေလုံသောပုလင်းတွင်သိမ်းဆည်းနိုင်သည်။ မျိုးစေ့များကိုသေချာစွာသိမ်းထားပါက(၂)နှစ်မျှအထားခံသည်။

image