#ငါးသံပုရာပေါင်း
ပါ၀င်ပစ္စည်းများ
ကကတစ်ငါး (သို့) စလားဗီးယားငါး ၁ ကောင်
ကြက်သွန်ဖြူ ၃ မွှာ
ငရုတ်သီးစိမ်း ၃ တောင့်
ကြက်သွန်မြိတ် ၂ ပင်
နံနံပင် ၅ ပင်
ဂျင်း လက်တဆစ်
ပဲငံပြာရည် ထမင်းစားဇွန်း ၁ ဇွန်း ခွဲ
သကြား (သို့) အချိုမှုန့်- လက်ဖက်ရည်ဇွန်း တ ၀ကျ
ကြက်သားမှုန့်- ထမင်းစားဇွန်း ၁ ဇွန်း
သံပုရာသီး ၁ ခြမ်း
ရေ ၁ ခွက်

ပြုလုပ်နည်း

1. ငါးကို သန့်စင်ထားပါ။ ဂျင်းကို ထောင်းထားပါ။ ကြက်သွန်ဖြူကို ပါးပါးလှီးထားပါ။ ငရုတ်သီးကို အသေး လေးတွေလှီးထားပါ။ ကြက်သွန်မြိတ်နှင့် နံနံပင်ကို နှုတ်နှုတ်ဆင်းထားပါ။

2. သန့်စင်ထားသော ငါးပေါ်ကို ထောင်းထားသော ဂျင်းမှအရည်များညှစ်ချပါ။ ပြီးလျှင် မိနစ် ၂၀ ခန့်ပေါင်းပါ။ ပေါင်းပြီး ငါးမှထွက်လာသော အရည်များကို သွန်ပစ်ပါ။ (အညှီနံ့များပါသွားပါလိမ့်မည်။)

3. ပေါင်းထားသော ငါးပေါ်ကို ကြက်သွန်မြိတ်နှင့် နံနံပင်များ အုပ်ထားပါ။

4. ဒယ်အိုးတခုထဲတွင် ရေထည့်၊ ကြက်သားမှုန့် ၊ သကြား(သို့) အချိုမှုန့်၊ ပဲငံပြာရည် တို့ကို ထည့်ကာဆူလာ အောင်တည်ပါ။ ဆူလာလျှင် ကြက်သွန်ဖြူ နှင့် ငရုတ်သီးထည့် ငရုတ်သီး အနံ့မွှေးလာသည်အထိတည်ပါ။ ငရုတ်သီး အနံ့မွှေးလာလျှင် မီးဖိုကို ပိတ်၍ သံပုရာရည်ကို ညှစ်ထည့်ပါ။ (ချဉ်မချဉ်ကြည့်ပြီး သံပုရာရည်လို သလောက်ထပ်ထည့်ပါ။)

5. ပြုလုပ်ထားသော အရည်ကို ပေါင်းထားသော ငါးပေါ်ကို ဆမ်းပါ။ အရသာရှိရှိ ငါးသံပုရာပေါင်းကို သုံးဆောင်နိုင်ပါပြီ။

image