“အရေပြားရောဂါတွေ သက်သာ ပျောက်ကင်းတယ်ဆိုတဲ့ ရွာငံမြို့နယ်၊ တပ်ကုန်းရွားနားက ထူးခြားတဲ့ ရေဖြူကန်” 
ဒီရေဖြူကန်က ရှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် တပ်ကုန်းရွာနားမှာ ရှိတာပါ။ တပ်ကုန်းရွာကတော့ ရွာငံနဲ့ မြိုင်စံပြကျေးရွာကြားမှာရှိပါတယ်။ 
ဒီရေကန်ရဲ့ ထူးခြားမှုက မြေအောက်ကနေ အဖြူရောင်ရှိတဲ့ ရေတွေ ပွက်ပြီးထွက်နေတာပါပဲ။  
ဒီရွာခံတွေ ပြောပြတာတော့  ဒီဒေသက ထွက်ကုန်သီးနှံတွေ လာကောက်ကြတဲ့အခါ ဒီနေရာလေးကို အင်မတန်မှစိတ်ဝင်စားကြတယ်လို့ ဆိုပါတယ်။  
ဒီရေကန်ကရေကိုလည်း  ပုံးတွေနဲ့  ခတ်ထည့်ယူသွားတတ်ကြပြီး ရေတွေချိုးတတ်ကြပါတယ်တဲ့။ သူတို့ပြောတာတော့ ဒီရေဟာ အနာရောဂါကင်းရှင်းစေတယ်။ အရေပြားနဲ့ ပတ်သက်တဲ့ ရောဂါတွေ သက်သာပျောက်ကင်းစေပါတယ်တဲ့။  
ဘဝအမောတွေပြေစေဖို့သဘာဝရေဖြူကန်မှာ 
ရေစိမ်စို့ 
တောတွင်းလမ်းလေးစမ်းချောင်းလေး ၃ခုဖြတ်ကျော်သွားပြီးရောက်ရှိသွားရင်မပြန်ချင်တော့လောက်အောင်ရေစိမ်ရေချိုးချင်သူများအတွက် 
အကောင်းဆုံး သဘာဝရေဖြူကန် 
တောတွင်းလမ်းလျှောက် Trekkingလေးပါတယ်နော့် 
ရေပြာစမ်းရေတံခွန်(ရေစိမ်ရေကစားနိုင်ပါသည်) 
အပျိုစင်လေးအလားလှပနေသော 
ဂဏန်းကျရေတံခွန်(ရောက်သွားပြီးမြင်လိုက်ရရင်တစိမ့်စိမ့်ထိုင်ကြည့်ချင်စရာကောင်းသောရေတံခွန်)