စကားဆိုတာ 
တိုးတိုးပြောလည်း ဒီစကား 
အော်ပြီးပြောလည်း ဒီစကား 
ဘယ်လိုပြောပြော ဒီစကားပါပဲ။ 
 
တစ်ဖက်သားကို နားဝင်အောင် 
ချိုချိုသာသာပြောတတ်ခြင်းက 
ပိုပြီးအရာရောက်သလို 
မိမိ တစ်ဖက်သားအပေါ်ထားတဲ့ 
စေတနာကိုလည်း ပေါ်လွင်စေပါတယ်။ 
 
စကားဆိုတာ 
ပါးစပ်ကပြောတာချင်းအတူတူ 
တစ်ဖက်သားအပေါ် 
နစ်နာစေမယ့်စကားမျိုးမဖြစ်စေဖိုနဲ့ 
ကိုယ့်စကားကို ကိုယ်တာဝန်ယူတတ်ဖိုပါပဲ။ 
 
စကားကြောင့် ဓားမဖြစ်စေဘဲ 
စကားကြောင့် အားဖြစ်စေခဲ့ရင် 
လျှာဖျားလေးက ပြောလိုက်ပေမယ့် 
လူတစ်ယောက်ရဲ့ဘဝကို 
တိုးတက်ပြောင်းလဲစေနိုင်ပြီး 
စကားကြောင့် ကုသိုလ်ရစေပါတယ်။ 
 
တစ်ခါတစ်လေမှာ 
ကိုယ်ပြောလိုက်တဲ့စကားတစ်ခွန်းကြောင့် 
ကိုယ့်အဆင့်အတန်းကို 
ဖော်ပြနေတတ်သလိုဖြစ်ပြီး 
ကိုယ့်ဂုဏ်သိက္ခာကို 
ကိုယ်ကိုယ်တိုင်ချလိုက်သလို 
ဖြစ်နေတတ်ပါတယ်။ 
 
ဒါ့ကြောင့် 
မိတ်ဆွေ 
စကားကို သတိထားပြောဆိုပါ။